Lord Gaben (Short Biography Part 1)

Lord Gaben (Short Biography Part 1)

Lord Gaben လို့ပြောလိုက်ရင် Gamer တော်တော်များများသိကြမှာပါ။ Steam ကိုထုတ်တဲ့ Valve ကို တည်ထောင်ခဲ့သူလဲဖြစ်ပါတယ်။ ဒါကြောင့် Gaming လောကရဲ့ အရှင်သခင်ကြီးအဖြစ် Lord Gaben ဆိုပြီးနာမည်ကြီးပါတယ်။ သူ့အကြောင်းဖတ်ကြည့်ရင်နဲ့ စိတ်ဝင်စားဖို့ကောင်းလို့ရေးပေးလိုက်ပါတယ်။

Lord Gaben ရဲ့နာမည်အရင်းက Gabe Newell ပါ။ Gabe ဟာ Harvard တက္ကသိုလ်တက်ရင်းနဲ့ အားရင် သူ့အစ်ကို အလုပ်လုပ်နေတဲ့ software startup လေးတစ်ခုမှာ သွားလည်လေ့ရှိပါတယ်။ အဲ့ software startup နာမည်က Microsoft ပဲဖြစ်ပါတယ်။ Microsoft မှာအားရင်လာလည်ပြီး စကားများနေတာကို အဲ့အချိန်က Microsoft ရဲ့ Business Manager ဖြစ်တဲ့ Steve Ballmer ကမကြိုက်ပါဘူး (Steve Ballmer က 2000 ကနေ 2014 အထိ Microsoft ရဲ့ CEO ပါ)။ အဲ့ဒါကြောင့် မင်းဒီကိုလာလည်ချင်ရင် ဒီမှာ အလုပ်လုပ်ရမယ်ဆိုပြီး Gabe ကိုပြောပါတယ်။ အဲ့ဒါနဲ့ Microsoft မှာ intern သဘောမျိုးစလုပ်ပါတော့တယ်။ နောက်ပိုင်းမှာ Microsoft မှာ ၃ လ လောက်တာဟာ Harvard မှာသင်တာထက် အများကြီးအတွေ့အကြုံရတယ်ဆိုပြီး Harvard ကနေထွက်လိုက်ပါတော့တယ်။ Gabe ဟာ game ဆော့ရတာကိုတော်တော်လေးဝါသနာပါပါတယ်။ ဒါ့အပြင်အားရင် သူက Game တွေကို Windows ပေါ်မှာဆော့လို့ရအောင် port လုပ်ပါတယ်။ သူ့အလုပ်နဲ့မဆိုင်ပေမဲ့ အပျင်းပြေလုပ်တာပါ။

1993 မှာ DOOM ဆိုတဲ့ game ထွက်လာပြီး တော်တော်အောင်မြင်ခဲ့ပါတယ်။ DOOM က MS-DOS အတွက်ထုတ်ထားတာပါ။ DOS (Disc Operating System) ဆိုတာကိုမြင်အောင်ပြောရရင် အရင် Play Station တွေလို CD ထည့်ပြီး boot မှ game ဆော့လို့ရတာပါ။ software တစ်ခုသုံးချင်ရင် တစ်ခါ boot ရတဲ့စနစ်ပါ။ DOOM ကအဲ့ခေတ်မှာ Windows ထက်တောင် လူသုံးများတဲ့ software တစ်ခုဖြစ်လာပါတယ်။ DOOM က အခုလက်ရှိ 3D game တွေရဲ့ ပထမဆုံုးရှေ့ပြေးဆိုလဲမမှားပါဘူး။ Gabe က DOOM ကို Windows ပေါ်မှာရအောင် အခမဲ့ port လုပ်ပေးမယ်ဆိုပြီး DOOM ကိုထုတ်လုပ်တဲ့ Id Software ကိုကမ်းလှမ်းပါတယ်။ DOOM Developer တွေကလက်ခံလိုက်တဲ့အခါ port စလုပ်ပါတော့တယ်။ အဲ့ခေတ်က Game Developer တွေက NES တို့ Saga တို့ကိုပဲသဘောကျပါတယ်။ Windows ပေါ်မှာ game ရေးရတာ ခက်တာကြောင့် အဖက်မလုပ်ပါဘူး။ Gabe က DOOM ကို port လုပ်ပြလိုက်တဲ့အခါ game developer တွေက Windows ကို Game ဆော့လို့ရတဲ့ platform တစ်ခုအဖြစ်လက်ခံလာပါတယ်။ (အခုဆို Windows ဟာ gaming အတွက်အကောင်းဆုံး environment ဖြစ်လာပါပြီ)။ Windows အတွက် WinG (နောက်ပိုင်း DirectX) ဖြစ်လာမဲ့ API ကိုလဲ Gabe ကပဲစပြီး develop လုပ်သွားတယ်လို့ပြောလို့ရပါတယ်။

Doom ကို port လုပ်ပြီးပေမဲ့ Id Software က developer တွေနဲ့အဆက်အသွယ်မပြတ်ခဲ့ပါဘူး။ Game Developer အခြင်းခြင်းဆိုတော့ လေပန်းလို့ကောင်းတာလဲပါမှာပေါ့။ အဲ့အချိန်မှာ Microsoft ကထွက်ပြီး Id Software မှာအလုပ်လုပ်နေတဲ့ Michael Abrash က Gabe ကို သူတို့ထုတ်မဲ့ Quake ဆိုတဲ့ ဂိမ်းကိုပြလိုက်ပါတယ်။ Gabe က Quake ထက် Quake ရဲ့ game engine ဖြစ်တဲ့ Quake engine ကိုပိုစိတ်ဝင်စားသွားပါတယ်။ Gabe ကလဲ Microsoft ကိုတော်တော်လေးစိတ်ကုန်နေပါပြီ။ Microsoft ကလဲ cool startup ကနေ evil empire ဖြစ်နေပါပြီ။ Gabe အနေနဲ့လဲ Microsoft မှာ ၁၀ နှစ်လောက်လုပ်ခဲ့တော့ တော်တော်လေးချမ်းသာနေပါပြီ။ အဲ့ဒါကြောင့် Microsoft ကနေအလုပ်ထွက်လိုက်ပါတော့တယ်။ Microsoft ကထွက်ပြီးမကြာမှာ Id Software ဆီသွားပြီး Quake License သွားဝယ်ပါတယ်။ Quake ရဲ့ဝန်ထမ်းအချို့ကိုပါခေါ်သွားပြီး Valve ကိုတည်ထောင်ခဲ့ပါတယ်။

Valve ကိုတည်ထောင်ပြီး ပထမဆုံးဂိမ်းအဖြစ် Half Life ကိုစထုတ်ပါတော့တယ်။ Half Life က Quake Engine ကိုအခြေခံတယ်ဆိုပေမဲ့ အဲ့အချိန်မှာ Quake Engine ကိုတော်တော်လေးပြင်ပြီးနေပါပြီ။ Half Life ကို gamer တွေတော်တော်လေးကြိုက်ပြီး အောင်မြင်တဲ့ game တစ်ခုဖြစ်လာပါတယ်။ Half Life ကို multiplayer စမ်းသပ်ရင်းနဲ့ Community အတွက် Worldcraft ဆိုတဲ့ world editor ကိုထုတ်ပေးလိုက်ပါတယ်။ Half life အတွက် mods တွေကို worldcraft သုံးပြီးဖန်တီးလို့ရပါတယ်။ Mod တွေကို official support ပေးတာ mod developer တွေကို valve ကိုခေါ်ယူတာတွေလုပ်ခဲ့ပါတယ်။ အဲ့တော့မှ Counter Strike, Team Fortress အစရှိတာတွေထွက်လာတာပါ။ ဒီဂိမ်းတွေထုတ်ရင်းနဲ့ update ပေးရတာ အခက်အခဲရှိတာကို သတိထားမိလာပါတယ်။ game update ကို gamer တွေဆီအရောက်ပေးရတာတော်တော်မလွယ်တဲ့ကိစ္စပါ။ အဲ့ခေတ်ကဂိမ်းတွေကို ဆိုင်တွေကနေတဆင့်ဖြန့်ရပြီး အကုန်အကျများပါတယ်။ အဲ့ဒါကြောင့် steam ကိုစလုပ်ပါတော့တယ်။

Myat Min Soe ထံမှ ကူးယူဖော်ပြထားပါသည်။

အပိုင်း ၂ ကို ဆက်လက်ဖက်ရှုရန်

 

Leave a Reply