Lord Gaben (Short Biography Part 2)

Lord Gaben (Short Biography Part 2)

Part 2

Steam မရှိခင်က game developer တွေအတွက် ဖြန့်ချိရတာအစ update ပေးတာအဆုံးတော်တော်လေး ဒုက္ခရောက်ပါတယ်။ game တစ်ခုထုတ်တာ သီချင်းအယ်ဘမ်တစ်ခုထုတ်သလို အလုပ်ရှုပ်ပြီး အဆက်အသွယ်တွေလိုပါတယ်။ steam ပေါ်လာတော့ game developer တွေအထူးသဖြင့် indie developer တွေအတွက် အဆင်ပြေပြီး game ရေးဖို့လောက်ပဲ အာရုံစိုက်ရပါတော့တယ်။

Steam ကို piracy အတွက်ဘယ်လိုကာကွယ်မလဲမေးတော့ gabe ပြန်ပြောတာက piracy(ခိုးကူး)တာက ဂိမ်းတွေရဲ့ စျေးနှုန်းကြောင့်မဟုတ်ပါဘူး။ ဖြန့်ချိတဲ့သူတွေရဲ့အားနည်းချက်ကြောင့်ပါ။ ခိုးတာက ဝယ်ရတာထက်လွယ်နေရင် ခိုးပဲခိုးမှာပါ။ ဒါကြောင့် တရားဝင်လွယ်လွယ်ကူကူဝယ်လို့ရအောင်လုပ်ပေးရမယ်ဆိုပြီး steam ကို Russia အတွက် launch လုပ်တဲ့ပွဲမှာပြောသွားခဲ့ပါတယ်။

Valve ကတော်တော်လေးအောင်မြင်နေပါြပီ။ တစ်ခြားသူတွေဆို IPO (initial public offering) လုပ်ပြီး billionaire ဖြစ်ပြီး အေးဆေးနှပ်တော့မှာပါ။ Gabe ကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့အတွက် ပိုက်ဆံကရှိသင့်သလောက်ရှိနေပါပြီ။ သူဝါသနာပါတဲ့ gaming လောကကို အမျိုးမျိုးပြောင်းဖို့စမ်းသပ်ကြည့်ပါတယ်။ Game တွေကိုရောင်းတာအပြင် DLC တွေ Extension တွေရောင်းကြည့်ပါတယ်။ Game Package တွေရောင်းတာမျိုးလုပ်ပါတယ်။ Dota 2 လိုမျိုး အခမဲ့ပေးဆော့ပြီး microtransaction တွေနဲ့ပြန်ရောင်းတာမျိုးလုပ်ပါတယ်။ Steam sale ဆိုပြီး discount တွေချရောင်းတာမျိုးတွေလုပ်ပါတယ်။

Gabe အတွက်နောက်ထပ်အကြီးမားဆုံးေအာင်မြင်မှုက eSport ပွဲတွေကို ဆုကြေးငွေ ဒေါ်လာ သန်းချီပေးပြီးလုပ်နိုင်တာပါ။ The International ဆိုတော်တော်လေးအောင်မြင်ပါတယ်။ Olympics မှာပါ eSport ကိုပါဝင်နိုင်အောင် ကြိုးစားနေတာလဲဖြစ်ပါတယ်။ (Olympics မှာ eSport ပါဝင်ဖို့ မသင့်တဲ့အကြောင်းကို နောက်မှရေးပါဦးမယ်)။

Gabe Newell ဟာ DOS ကနေ VR အထိ ခေတ်နဲ့အညီ gaming industry အတွက် ဆန်းသစ်တီထွင်နေတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လဲ Lord Gaben ဆိုပြီး နာမည်ကြီးတာ သူ့အတွက် မဆန်းပါဘူး။

Myat Min Soe ထံမှ ကူးယူဖော်ပြထားပါသည်။

 

Leave a Reply