တစ်နှစ်ကို တစ်ခါလောက် ပုံမှန်ထွက်နေကြဖြစ်တဲ့ Assassin’s Creed က ၂၀၁၉ ခုနှစ်မှာ ဘာမှအသစ်ထပ်မထုတ်ဘူးဆိုပြီး Ubisoft က ပြောလိုက်ပါပြီ။ ဒီနှစ်ကုုန်ခါနီးမှာ ထွက်လာမယ့် Assassin’s Creed Odyssey ရဲ့ နောက်လာမယ့် content တွေကို ပိုမိုအာရုံစိုက်ချင်လိုု့ပါဆိုပြီး ပြောသွားတာပါ။
“Assassin’s Creed Odyssey မှာ content အသစ်တွေကို မရိုးနိုင်အောင် အသစ်အသစ်တွေပေးချင်နေတာဖြစ်ပြီး ဒီနှစ်မှာ ဝယ်ခဲ့သည့်တိုင်အောင် နောက်နှစ်တွေထိ content တွေ ထပ်ရနေဦးမှာပါ” ဆို ပြီး Ubisoft ရဲ့ CEO ဖြစ်တဲ့ Yves Guillemot က GamesCom မှာ ပြောသွားတာဖြစ်ပါတယ်။
Assassin’s Creed Odyssey ကို ဂရိခေတ်မှာ ဆော့ရမှာဖြစ်ပြီး ယောကျာ်းလေး (ဒါမှမဟုတ်) မိန်းကလေး character တစ်ခုကို ရွေးဆော့ရမှာဖြစ်ပါတယ်။ အောက်တိုဘာ ၅ ရက်နေ့ဖြစ်ပြီး PlayStation 4, Xbox One နဲ့ PC တို့မှာ ထွက်ရှိပြီးဖြစ်ပါတယ်။