နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထွက်တော့မှာဖြစ်တဲ့ Fallout 76

နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထွက်တော့မှာဖြစ်တဲ့ Fallout 76

Fallout 76 က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထွက်တော့မှာဖြစ်ပြီး ဒီလ ၂၃ ဆိုမှာ Beta တွေ စဆော့လို့ရပြီနော်…
Steam မှာ ဘာ Promotion မှ မတွေ့လို့ အဝေးကြီးလိုသေးတယ်လို့ထင်မနေနဲ့ဦး သူက Customer တွေနဲ့တိုက်ရိုက်အလုပ်လုပ်ချင်လို့ဆိုပြီး သူ့ရဲ့ Platform ဖြစ်တဲ့ https://store.bethesda.net/ မှာ သွားဝယ်ရမှာပါနော်…

ရောင်းဈေးက Standard Edition ကို 59.99 USD ဆိုလို့ ၆ သောင်းလောက်ရှိမယ်လို့ မထင်နဲ့နော်… ဒီခေတ်ဒေါ်လာဈေးနဲ့ဆို ၉၅၀၀၀ ကျော်ကျော် လစ်မှာဗျို့

Beta Date တွေကတော့…
October 23 – Xbox One
October 3- PC နဲ့ PS 4 ပါ…

Xbox One အတွက် Beta ရဲ့ Download size က 43.47GB ဖြစ်ပြီး PC နဲ့ PS 4 တွေလည်း အလားတူပါပဲတဲ့။

PC သမားတွေအတွက် သတင်းကောင်းက Beta ကို ဒေါင်းလုဒ် လုပ်ပြီးရင် Full Release ထွက်တဲ့အချိန်မှာ အစအဆုံး ပြန်ဒေါင်းဖို့ မလိုပေမယ့် Console သမားတွေကတော့ အစအဆုံး ပြန်ဒေါင်းရမှာပါတဲ့။

Leave a Reply