Free Games

Free Games

FREE Games

 

 

26 November 2019 – ဒုတိယ ကမ္ဘာစစ်အခြေပြု နာမည်ကြီးဂိမ်းဖြစ်တဲ့ $20 တန် Company of Heroes 2 ကို Steam မှာ Free ပေးနေပါတယ်နော်…. ၂ ရက်ပဲ free ပေးနေတာမို့လို့ အခုပဲ ယူပြီး Game Library ထဲ ထည့်ထားရင် အမြဲတန်းအတွက် Free ရသွားမှာပါ… ဒီမှာနှိပ်ပြီး ဒေါင်းပါ

29 June 2019 Last Day of June ဆိုတဲ့ Game ကို Epic Store မှာ FREE ပေးနေပါတယ်… ဒီမှာ နှိပ်ပြီး ဒေါင်းပါ

22 March 2019 – Humble Store မှာ Tacoma ဆိုတဲ့ Game ကို FREE ပေးနေပြီနော်… ဒီမှာနှိပ်ပြီး ဒေါင်းပါ…

17 January 2019 – အခု FREE ပေးထားတဲ့ Game က Braveland ဖြစ်ပြီး 17 ရက်နေ့ (ဒီနေ့) အတွင်း ယူထားရင် Free ရမှာမို့လို့ အခုပဲ ယူထားလိုက်ကြပါနော်…

11 January 2019 – အခု လောလောဆယ် FREE ပေးနေတဲ့ Game က Blast Zone Tournament ဆိုတဲ့ Game ဖြစ်ပြီး Multi Player ဂိမ်းဖြစ်ပါတယ်… FREE for limited time ဖြစ်လို့ ရတုန်းယူထားလိုက်ကြပါနော်…

7 December 2018 – ပထမဆုံး အနေနဲ့  မဖြစ်မနေ ထည့်သင့်တာက လူတိုင်းသိပြီး Gamer တိုင်းဆော့ဖူးတဲ့ Counter-Strike ကို တစ်ကယ်ကြီး FREE ပေးလိုက်တာဖြစ်ပြီး Danger Zone ဆိုပြီး battle royale mode (PUBG လိုမျိုး) လည်း ထည့်ပေးလိုက်ပါပြီ။

နောက်ထပ် FREE ပေးထားတဲ့ Game က နာမည်ကြီး ဂိမ်းတစ်ခုဖြစ်တဲ့ Company of Heroes 2 ဖြစ်ပြီး သူ့ရဲ့ ၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ FREE ပေးထားတာဖြစ်ပါတယ်။ နာမည်ကြီး လူကြိုက်များတဲ့ဟာဖြစ်လို့ မဖြစ်မနေ ယူလိုက်ကြပါနော်…။

နောက်ထက် ဂိမ်းတစ်ခုက ဒီနှစ် စက်တင်ဘာလက ထုတ်ထားတဲ့ Game အသစ်လေးဖြစ်တဲ့ I am not a Monster ဖြစ်ပြီး ရက်အကန့်အသတ်နဲ့ ပဲ FREE ပေးထားတာပါ။

16 November 2018 – ဒီတပတ် ပိတ်ရက်တွေမှာ အလကားစမ်းဆော့ ကြိုက်ရင်ဝယ် ဆိုပြီး Free စမ်းဆော့ခွင့် ပေးထားတဲ့ Game က ၃ ခုတောင် ရှိပါတယ်… အဲတာတွေကတော

  1. Tom Clancy’s Rainbow Six® Siege – အဲ့ နာမည်ကြီး Game ကို ၂ ရက် Free ဆော့ခွင့်ပေးထားပြီး ကြိုက်လို့ ဝယ်ချင်တယ်ဆိုရင် ၃၀% ကနေ ၆၅% အထိဈေးလျှော့ပေးထားပါတယ်။ Discount တွေကိုတော့ ဒီလ ၂၇ ရက်နေ့ထိ ပေးထားဦးမှာဖြစ်ပါတယ်။
  2. Surviving Mars – အင်္ဂါဂြိုလ်မှာ နယ်ချဲ့ပြီး မိမိရဲ့ ကိုလိုနီကို Survive နဲ့ တိုးတက်အောင် ပြုလုပ်ရတဲ့ Surviving Mars ကိုလည်း Free ၂ ရက် ဆော့ခွင့်ပေးထားပြီး ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက် ၃၀% ကနေ ၄၀% အထိဈေးလျှော့ပေးထားပါတယ်။ Discount တွေကိုတော့ ဒီလ ၂၁ ရက်နေ့ထိ ပေးထားဦးမှာဖြစ်ပါတယ်။
  3. NBA 2K19 – ဘက်စကတ်ဘော ဂိမ်းဖြစ်လို့ ဒီကလူတွေ ဆော့မဆော့ မသိပေမယ့် ကြုံတုန်း စမ်းကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် သူလည်း ၂ ရက် Free ဆော့ခွင့်ပေးထားပါတယ်။ လောလောဆယ် Overwhelmingly Negative ဖြစ်နေတာမို့လို့ မဝယ်ပါနဲ့ဦးလို့ပဲ တိုက်တွန်းချင်ပါတယ်။ ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက် ၅၀% အထိဈေးလျှော့ပေးထားပါတယ်။ Discount တွေကိုတော့ ဒီလ ၂၁ ရက်နေ့ထိ ပေးထားဦးမှာဖြစ်ပါတယ်။

9 November 2018 – အခု နောက်ဆုံး FREE လုပ်ပေးလိုက်တဲ့ Game က အရင်က 12.99$ တန်ခဲ့တဲ့ ENYO Arcade ဖြစ်ပြီး အမြဲတန်းအတွက် FREE ပေးလိုက်တာဖြစ်ပါတယ်။

7 November 2018 – အခု Free ပေးထားတဲ့ Game က ARK: Survival Evolved ဖြစ်ပြီး ယာယီ ၅ ရက်တာ Free စမ်းဆော့လို့ရမှာဖြစ်ပါတယ်။ ကြိုက်လို့ ဝယ်ချင်ရင်တော့ 60% ဈေးလျှော့ပေးထားပြီး ကွီးတို့ရှိတဲ့ India Store မှာ 440 Rupee (၉၀၀၀ ကျပ် ကျော်ကျော်) လောက်ပဲရှိပါတယ်။ USA Store မှာတော့ 60% ဈေးလျှော့ပြီး ဒေါ်လာ ၂၀ (သုံးသောင်းကျော်) ရှိပါတယ်။

6 November 2018 – အခု နောက်ဆုံး Free ပေးထားတဲ့ Game က ၂၀၁၅ အောက်တိုဘာလက ထုတ်ထားတဲ့ DISTRAINT: Deluxe Edition ဖြစ်ပြီး Steam မှာ Very Positive rating ရထားပါတယ်။

3 November 2018 – အခု Free ပေးထားတဲ့ ဂိမ်းက Game ကြီးတစ်ခုဖြစ်တဲ့ Destiny 2 ဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက် အတွင်း Install လုပ်ထားသူတွေကို အပြီးအပိုင် FREE ပေးမှာဖြစ်ပါတယ်တဲ့ ခင်ဗျာ… ယူရမယ့်နေရာက  https://us.account.blizzard.com/gifts/ ဖြစ်ပါတယ်။ သတိထားရမှာက Steam မှာမဟုတ်ပဲ Blizzard ဆီမှာဖြစ်တဲ့အတွက် Blizzard Launcher ကို ထည့်ထားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

28 October 2018 – Steam မှာ လူကြိုက်များနေဆဲ့ဖြစ်တဲ့ Dead by Daylight ကို Free ဆော့ခွင့် ၅ ရက်ပေးထားပြီး ကြိုက်လို့ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက်လည်း ထက်ဝက်ဈေးနဲ့ လျှော့ပြီးရောင်းနေပါတယ်။

27 October 2018 – အခု လောလောဆယ် Free ပေးထားတဲ့ Game က Murderous Pursuits ဖြစ်ပြီး အောက်တိုဘာ ၂၉ အတွင်းယူမှ ရမှပါ။

26 October 2018  -အခု  Steam မှာ Free ပေးနေတဲ့ Game ကတော့ Metro 2033 ဖြစ်ပြီး ၂၄ နာရီအတွင်းယူထားရမှာပါနော်…

Leave a Reply