PUBG စားသောက်ဆိုင်လေးမှာ Chicken Dinner သွားစားကြမယ်

PUBG စားသောက်ဆိုင်လေးမှာ Chicken Dinner သွားစားကြမယ်

PUBG ပုံစံလေးနဲ့ Decoration လုပ်ထားတဲ့ စားသောက်ဆိုင်လေးမှာ သွားစားကြမယ်လို့ စိတ်ကူးဖူးလား။

အခုဆိုရင်တစ်ကယ်ဖြစ်လာပါပြီ… ဒါပေမယ့် မြန်မာနိုင်ငံမှာ မဟုတ်ပဲ အိန္ဒိယနိုင်ငံ ဂျေပူးရ်မြို့ မှာပါ။ ဆိုင်နာမည်ကို PUBG – Player Unknown’s Belly Grounds ဆိုပြီး battle (တိုက်ပွဲ) နေရာမှာ Belly (ဝမ်းဗိုက်) ဆိုပြီးလုပ်ထားတာပါ

ပုံတွေမှာတွေ့ရတဲ့အတိုင်း PUBG Theme ကို သေသေချာချာလေးလုပ်ထားတာပါ။

 

သူတို့ရဲ့ Facebook Page ကို ကွီးကဆက်သွယ်ပြီး မေးကြည့်တဲ့အခါမှာတော့ ဆိုင်က မနေ့က (၂၅ အောက်တိုဘာ ၂၀၁၈) က ဖွင့်ထားတာဖြစ်ပြီး သူတို့က ပုံတွေ ထပ်ပြီး ပို့ပေးထားပါသေးတယ်။ အဲ့ပုံတွေကတော…

 

 

PUBG ဆိုင်ဖြစ်တဲ့အတွက် Menu မှာ Chicken Dinner ပါလာခဲ့ပြီး Chicken Dinner Squad လည်းပါတဲ့အတွက် အဖွဲ့လိုက်လည်း စားနိုင်အောင် စီစဉ်ပေးထားတဲ့ပုံပါ။

ကဲ… သူများနိုင်ငံတွေမှာလည်း လုပ်နေကြပြီနော်… ဒီမှာကော ဘယ်သူတွေ လုပ်ဖို့ အကြံရှ်ိလဲ မသိဘူးခင်ဗျ။

 

 

 

Leave a Reply