PlayStation Classic မှာ ဆော့လို့ရမယ့် Game စာရင်းတွေ ထွက်လာပြီနော်…

PlayStation Classic မှာ ဆော့လို့ရမယ့် Game စာရင်းတွေ ထွက်လာပြီနော်…

Sony က ပြီးခဲ့တဲ့လက PlayStation Classic ကိုထုတ်မယ်လို့ သတင်းထုတ်ပြန်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။

မသိလိုက်တဲ့သူတွေကို ပြန်ပြောပြရမယ်ဆိုရင် PlayStation Classic ဆိုတာ 1994 က ထုတ်ခဲ့တဲ့ Sony ရဲ့ ပထမဆုံး Playstation စက်ကို နဂို အော်ရီဂျင်နယ် ဒီဇိုင်းကာလာ အနေအထား အတိုင်း ပုံစံသေးသေးလေးနဲ့ ပြန်ထုတ်ထားတာပါ။ အဲ့အထဲမှာ ဂိမ်းပေါင်း ၂၀ ပါမယ်လို့လည်း ပြောခဲ့ပါတယ်။

အခု သူ့ထဲမှာ ပါဝင်လာမယ့် ဂိမ်းတွေကို သိရပါပြီ… အဲ့ ဂိမ်းတွေကတော့…

Battle Arena Toshinden™
Cool Boarders 2
Destruction Derby
Final Fantasy VII
Grand Theft Auto
Intelligent Qube
Jumping Flash
Metal Gear Solid
Mr Driller
Oddworld: Abe’s Oddysee®
Rayman
Resident Evil™ Director’s Cut
Revelations: Persona
Ridge Racer Type 4
Super Puzzle Fighter II Turbo®
Syphon Filter
Tekken 3
Tom Clancy’s Rainbow 6
Twisted Metal
Wild Arms

ဖြစ်ပါတယ်။

စက်က ခေတ်ကာလနဲ့လျော်ညီအောင် HDMI နဲ့ လာမှာဖြစ်ပြီး save လုပ်လို့ရောင် Virtual Memory card လည်း ပါမယ်လို့ဆိုထားပါသေးတယ်။

PlayStation Classic ကို ဒီဇင်ဘာလ ၃ရက်နေ့မှာ ထွက်မှာဖြစ်ပြီး ဈေးက 100 $ ပါ တဲ့…။

Reveal trailer ကို မကြည့်ရသေးဘူးဆိုနဲ့သူတွေလည်း ဒီမှာကြည့်နိုင်ပါတယ်။

ကဲ ငယ်ငယ်က အမှတ်တရ ဂိမ်းတွေကို သူငယ်ချင်းကြီးတွေနဲ့ အတူတူဆော့ချင်တဲ့သူတွေ ဝယ်ဖို့ ပြင်ထားကြပေတော့နော်…

Leave a Reply