Steam India Store ကို ပြောင်းကြမယ်

Steam India Store ကို ပြောင်းကြမယ်

ယခု Guide သည် Steam အကောင့်ကို Store ပြောင်းချင်လိုသူများအတွက် Guide ဖြစ်ပြီး မိမိ အပါအဝင် လူတော်တော်များများမှ အောင်မြင်စွာ ပြုလုပ်နေသော နည်းစနစ်ဖြစ်ပါသည်။ သို့သော် ပြုလုပ်သူမှ မှားယွင်းခြင်း၊ အလျှင်စလို နိုင်ငံပြောင်းခြင်းကြောင့် Steam မှ Account terminate လုပ်ခံရခြင်းအပါအဝင် မည်သည့်ကိစ္စရပ်ကိုမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်သည်ကို သိရှိစေလိုပါသည်။

Store ပြောင်းချင်တယ်ဆိုရင် အရင်က Game တွေဝယ်ဖူးတဲ့ အကောင့်တွေဆို ပြသနာမရှိပေမယ့် အကောင့်အသစ်ဆိုရင် wallet မှာ ၅ ဒေါ်လာ လား ၁၀ ဒေါ်လာ ဖိုးလား မသိဘူး ထည့်ထား (သုံးဖူးပြီးသား) ဖြစ်ရမှာပါ။

ပထမဦးဆုံးအနေနဲ့ လုပ်သင့်တာက မိမိရဲ့ အကောင့်ကို ၃-၄ နာရီလောက် Logout လုပ်ပါ။ Mobile Authenticator လုပ်ထားရင် အဲတာလည်း ဖြုတ်ပါ။ PC, Mobile အကုန် Logout လုပ်ရမှာပါ။

အခု VPN ကျော်ဖို့ လိုလာပြီဖြစ်တဲ့အတွက် Tunnel Bear https://www.tunnelbear.com မှာ အကောင့်လုပ်ပြီး ဒေါင်းပါ။

Tunnel Bear ကို Install လုပ်နေတာပါ

Install လုပ်ပြီးသွားရင် ပုံပါအတိုင်း India ကိုရွေးပြီး Yes လုပ်ပါ။

အဲ့မှာ India ကို ရှာနှိပ်ပြီး Yes နှိပ်ရမှာပါ

အဲလိုဆိုရင် India ကို သွားချိတ်ပါလိမ့်မယ်။

ခဏလောက်နေရင် မြေပုံကြီးတစ်ခုလုံး စိမ်းသွားပြီး India ကနေ ဝက်ဝံကလေး ထွက်လာပါလိမ့်မယ်။

အဲလိုဖြစ်သွားပြီဆိုရင် India ကို ရောက်သွားတာ သေချာပါတယ်။

India ကို တစ်ကယ်ရောက်မရောက်သိချင်ရင် https://whatsmyip.com/ ဝင်ကြည့်လိုက်ပါ။ ညာဖက် မှာ India မြို့နာမည်တွေ တွေ့ပါလိမ့်မယ်။ အဲလိုပေါ်တယ်ဆိုရင် မိတ်ဆွေ India ကို ရောက်ရှိသွားပါပြီ။

Namaste from India”

“Namaste, အိန္ဒိယပြည်မှ ကြိုဆိုပါတယ်”

အခု VPN အပိုင်းပြီးပြီဆိုတော့ Steam ကို Username တွေ Password တွေ ထည့်ပြီး ဝင်ပါမယ်။

Steam ထဲရောက်ပြီဆိုရင် Menu> Setting ကိုသွားပါ။

အဲ့ကနေ တဆင့် View Account Details ထဲသွားပါ။

Account Details ထဲရောက်သွားပြီဆိုရင် Update Store Country ထဲ ထပ်သွားပါ။

Update Store Country

အဲ့ထဲ ရောက်ပြီဆိုရင် Drop Down ကို နှိပ်လိုက်ရင် India ဆိုတာ ပေါ်လာပါလိမ့်မယ်။ India ကိုရွေးပါ။

India ကိုရွေးပါ။

အဲလိုရွေးလိုက်တာနဲ့ လိပ်စာဖြည့့်ရမယ့်အကွက်ပေါ်လာမှာဖြစ်ပြီး လျှောက်ဖြည့်တာထက်စာရင် https://www.fakeaddressgenerator.com/World_more/India_address_generator ထဲမှာ Bangalore  ကိုရိုက်ထည့်ပြီး အဲ့လိပ်စာတွေအတိုင်း ဖြည့်လိုက်ပါ။ အားလုံးပြီးသွားရင် Apply country change နှိပ်လိုက်ရင် ရပါပြီ။

 

နောက်ဆုံးအဆင့်အနေနဲ့ နိုင်ငံပြောင်းမှာ သေချာလား လာမေးပါလိမ့်မယ်။ သေချာပြီဆိုရင် Yes, change my country လုပ်ပါ။

Yes

 

Success! Your country has been changed to: India ဆိုပြီးပေါ်လာပြီဆိုရင်တော့ Congratulations ပါ။ မိတ်ဆွေအကောင့်ကို India Store ကို အောင်မြင်စွာ ပြောင်းနိုင်ခဲ့ပါပြီ။

Store ထဲဝင်ကြည့်ရင်တော့ India ငွေ (Rupee) နဲ့ ဖြစ်နေမှာဖြစ်ပြီး ငွေလဲနှုန်း ၂၁.၆ နဲ့ တွက်ကြည့်ရင် အကုန်လုံးလိုလို သက်သာနေတာနေတွေ့မှာပါ။

ပြီးရင် Logout လုပ်ပြီးမှ Tunnel Bear ကို ပိတ်ပါ။ အခု တစ်နိုင်ငံ တော်ကြာ တစ်နိုင်ငံ ဆိုပြီး Steam ကို Suspect မဖြစ်စေချင်ရင်တော့ ၃-၄ နာရီပြီးမှ VPN မခံတော့ပဲ Login ပြန်ဝင်ပါ။

Steam India Store မှာ ဈေးပေါပေါနဲ့ ဂိမ်းတွေ ဝယ်နိုင်ကြပါစေ။

– Gaming Kwee

 

Leave a Reply