Blizzard အကောင့်ဖွင့်ပြီး Destiny 2 ရယူပုံ အဆင့်ဆင့်

Blizzard အကောင့်ဖွင့်ပြီး Destiny 2 ရယူပုံ အဆင့်ဆင့်

အခု ဒီ guide မှာတော့ Blizzard အကောင့် ဖွင့်နည်းနဲ့ အခု Free ပေးနေတဲ့ Destiny 2 ကို ရယူပုံ အဆင့်ဆင့်ကို ဖော်ပြပါ့မယ်။

ပထမဆုံးအနေနဲ့ Blizzard Launcher ကို https://www.blizzard.com/en-us/apps/battle.net/desktop မှာ ဒေါင်းပြီးယူလိုက်ပါ။

 

Blizzard Launcher ကို ဒေါင်းပြီး Install လုပ်ပြီးတဲ့အခါမှ အကောင့်ရှိပြီးသားဆိုရင်တော့ Login ဝင်လိုက်ရုံပဲဖြစ်ပြီး အကောင့်မရှိသေးဘူးဆိုရင်တော့ Create a free Blizzard Account မှာ သွားနှိပ်ပြီး အကောင့်အသစ်လုပ်ရမှာပါ။

နိုင်ငံမှာ မြန်မာကို ရွေးပြီး ကျန်တာ ဖြည့်ပေးလိုက်ပါ။ ပြီးရင် Create a free account ကို နှိပ်ပါ။

အဲမှာ Blizzard အကောင့်မှာ ကိုယ်သုံးမယ့်နာမည်ကို ရိုက်ထည့်ပါ။

ပြီးသွားရင် Blizzard Launcher တက်လာမှာဖြစ်ပြီး အပေါ်ညာဖက်ထောင့်က လက်ဆောင် Package နေရာမှာ လှုပ်လှုပ်လေးဖြစ်နေတာတွေ့ရမှာပါ။

အဲနေရာထဲဝင်လိုက်တာနဲ့ Claim နေရာမှာနှိပ်ပြီး Gift ယူလို့ရနေပြီဖြစ်ပြီး မိမိရဲ့ဖုန်းကို သူတို့နဲ့ မချိတ်ရသေးဘူးဆိုရင် မရသေးပါဘူး။ ကဲအခု အဲဒီ့ SMS Protect အဆင့်ကို ဆက်လုပ်ကြရအောင်။ အဲတော့ enable SMS Protect ကို နှိပ်လိုက်ပါ။

 

Website ထဲ ရောက်သွားမှာဖြစ်ပြီး Add SMS Protect ထဲဝင် ကိုယ့်ရဲ့ ဖုန်းနံပတ်ရိုက်ထည့်… သူတို့ပြန်ပို့ပေးတဲ့ SMS ကို အဲ့မှာပြန်ထည့်ပြီး Verify လုပ်ရုံပါပဲ။

 

နောက်ဆုံးမှာတော့ Claim (အပိုင်ယူ) လို့ရပါပြီ။

Congratulations ပါ။ အခုဆိုရင် Blizzard အကောင့် ဖွင့်ဖြစ်သွားရုံသာမကပဲ Destiny 2 ကိုပါ Free ရသွားပါပြီ။

 

Leave a Reply