Steam ရဲ့ Autumn Sale မှာ ကွီးတို့ တစ်သိုက် ဝယ်ဖို့ Recommend ပေးတဲ့ Game တွေ…

Steam ရဲ့ Autumn Sale မှာ ကွီးတို့ တစ်သိုက် ဝယ်ဖို့ Recommend ပေးတဲ့ Game တွေ…

Steam ရဲ့ Autumn Sale လည်း ရောက်လာပါပြီနော်… ဈေးတွေလည်း မတရားကို လျှော့နေပါပြီနော်… စိတ်မကောင်းစရာက လကုန်ပိုင်းရောက်မှ ဈေးလာလျှော့နေတဲ့အတွက် လကုန်ပိုင်း ဘိုက်ပြတ်တဲ့သူတွေအတွက် စိတ်မကောင်းစရာပါနော်…။ နိုဝင်ဘာ ၂၇ ရက်နေ့ နောက်ဆုံးဆိုတော့ လခထုတ်ရက်လည်း မမှီလို့  ငိုနေပါပြီနော်… 😀

ဒီတခါ လျှော့ဈေးတွေ ပေးတဲ့ထဲက ကွီးတို့ သူငယ်ချင်းတစ်သိုက် ဝယ်ဖို့ စိတ်အားထက်သန်နေတဲ့ ဝယ်ချင်နေတဲ့ ခပ်တန်တန် Game တွေကို ဖော်ပြလိုက်ပါတယ်။

အခု ကျတော် ဖော်ပြထားတဲ့ Game တွေက India store ကနေ ယူထားတာဖြစ်ပြီး Default store ထက် ဈေးအများကြီး သက်သာနေတာကို တွေ့ရမှာပါ။ အကယ်လို့ India store ကို ပြောင်းချင်နေတယ်ဆိုရင် ကျတော်ရေးထားတဲ့ Guide ဖြစ်တဲ့ https://www.gamingkwee.com/2018/10/30/steam-india-guide/ မှာ ဝင်ကြည့်နိုင်ပါတယ်နော်…။ 

မြန်မာငွေ ၅၀၀၀ အောက်

၁။ Payday 2

US Store မှာ 4.99 USD ရှိပေမယ့် India Store မှာ မြန်မာငွေ ၃၅၀၀ လောက်ပဲ ကျမှာမို့လို့ အပါင်းအသင်းတွေနဲ့ အတူတူ ဓားပြတိုက်ချင်တဲ့သူတွေ အတွက် ဈေးအပေါ်ဆုံးနဲ့ ပျှော်လွှင်မှု အပေးနိုင်ဆုံးဖြစ်မှာမို့လို့ ရွေးထားတာပါ။

၂။ Left 4 Dead 2

ဒီဂိမ်းလဲ ၁၅၀၀ ကျပ် အထိဈေးချထားတာမို့လို့ အဖွဲ့ခွဲပြီး ဆော့ချင်တဲ့သူတွေအတွက် အကောင်းဆုံး Game ပါ။

၃။ Counter-Strike Complete

နာမည်ကြီး Counter-Strike Global Offensive ပါ ပါတဲ့ Bundle ကြီးကို မြန်မာငွေ ၄၅၀၀ ကျပ်ပဲ ကျသင့်မှာမို့လို့ CS GO ဝယ်ဖို့ နေ့ရွှေ့ညရွှေ့ဖြစ်နေတဲ့သူတွေ ဝယ်ဖို့အကောင်းဆုံးအချိန်ပါ။

 

မြန်မာငွေ ၁၀၀၀၀ အောက်

၁။ ARK: Survival Evolved

ဒိုင်နိုဆောတွေ ရှာမယ် မွေးမယ် Updrage လုပ်မယ် အဲလိုမျိုးတွေ စိတ်ပါဝင်စားတဲ့သူတွေ အတွက်ပါ။ ၈၇၀၀ ကျပ်ထိ ဈေးချထားပါတယ်။

၂။ Yakuza 0 (Zero)

ဒီနှစ် ၂၀၁၈ ၈လပိုင်း ကမှထွက်လာတဲ့ နာမည်ကြီး ဂိမ်းက ကျပ် ၁၀၀၀၀ သာသာနဲ့ လျှော့ပေးထားတာပါတယ်။

၃။ Witcher 3: Wild Hunt – Game of the Year Edition

ဘယ်လိုမှ ပြောရက်လောက်စရာမရှိတဲ့ Witcher 3 ရဲ့ Game of the Year Edition ကို Crack လုပ်မဆော့ရပဲ ငွေ ၈၀၀၀ လောက် နဲ့ အပြီးအပိုင်ရမှာနော်… RPG ဂိမ်းဖန် ုဖြစ်ပြီး အခုထိ မဝယ်ရသေးဘူးဆိုရင် မဖြစ်မနေ ဝယ်သင့်ပါတယ်။

၄။ Middle-earth: Shadow of War Definitive Edition

ဂိမ်းကောင်းကောင်း ဇတ်လမ်းကောင်းကောင်းနဲ့ ဆော့ချင်တယ်ဆိုရင် Definite Edition ကိုမှ ၉၂၀၀ လောက်ပဲ ရှိတာမို့လို့  ဝယ်ချိန်တန်နေပါပြီနော်…။

 

မြန်မာငွေ ၁၀၀၀၀ အထက်

၁။ Kingdom Come: Deliverance

ဒီနှစ်အစောပိုင်းကမှထွက်ခဲ့ပြီး လူကြိုက်များ RPG ဂိမ်းဖြစ်တဲ့ Kingdom Come: Deliverance  ကို ၁၄၀၀၀ ကျပ် ကျော်ကျော်အထိ ဈေးချထားပါတယ်။

 

မြန်မာငွေ ၂၀၀၀၀ အထက်

၁။ GTA V

ကလေး လူကြီး အကုန်ကြိုက်တဲ့ ဂိမ်း၊ နာမည်ပြောလိုက်ရင် ဂိမ်းသိပ်မဆော့တဲ့သူတွေတောင် သိတဲ့ဂိမ်း၊ သူငယ်ချင်းတွေနဲ့အတူတူ အလုပ်လုပ် ဓားပြတိုက်၊ ကားဝယ် တိုက်တွေဝယ်၊ လုပ်ချင်တာအကုန်လုပ်လို့ရတဲ့ GTA V ကို ၂၆၀၀၀ နဲ့ ဝယ်လို့ရနေပါပြီနော်…

၂။ Far Cry 5

OpenWorld ဂိမ်းတွေ ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ကမှထုတ်ထားတဲ့ Far Cry 5 ကို ၅၀% Discount ချထားပြီး ၃၀၀၀၀ လောက်ထိတော့ ကုန်စေမှာဖြစ်ပါတယ်။

 

Leave a Reply