ဂိမ်းချစ်သူတွေ ဂိမ်းဖန်တီးချင်တဲ့သူတွေ ကိုယ်တိုင် ဂိမ်းထုတ်နိုင်မယ့် ပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံမှာ လုပ်နေပါပြီနော်…

ဂိမ်းချစ်သူတွေ ဂိမ်းဖန်တီးချင်တဲ့သူတွေ ကိုယ်တိုင် ဂိမ်းထုတ်နိုင်မယ့် ပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံမှာ လုပ်နေပါပြီနော်…

ဂိမ်းချစ်သူတွေ ဂိမ်းဖန်တီးချင်တဲ့သူတွေ ကိုယ်တိုင် ဂိမ်းထုတ်နိုင်မယ့် ပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံမှာ လုပ်နေပါပြီနော်…

ဟုတ်ပါတယ်… ဂိမ်းချစ်သူတွေ ဂိမ်းဖန်တီးချင်တဲ့သူတွေ ကိုယ်တိုင် ဂိမ်းထုတ်နိုင်မယ့် ပြိုင်ပွဲတစ်ခုကို မြန်မာနိုင်ငံမှာ လုပ်မှာပါ။ အခုလုပ်တာ ပထမဦးဆုံးအကြိမ်တောင်မဟုတ်ပဲ မနှစ်က ဒီအချိန်မှာ ၂၀၁၇ ပြိုင်ပွဲကိုပြုလုပ်ခဲ့တာဖြစ်ပြီး အခု ၂၀၁၈ ပြိုင်ပွဲကို ထပ်လုပ်မှာပါလို့ ဖန်တီးရာက ပြောကြားသွားခဲ့တာပါ။

(ဖန်တီးရာက ရန်ကုန်မြို့လယ် ကုန်သည်လမ်းပေါ် (၂၉ လမ်း နဲ့ လမ်း ၃၀ ကြား) မှာ ရှိတာမို့လို့ သွားရေးလာရေးလဲ အဆင်ပြေမှာပါ။ သူတို့ရဲ့ Facebook Page က https://www.facebook.com/phandeeyar/ ဖြစ်ပါတယ်)

ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ မှ ၉ ရက်နေ့ အထိ ဖန်တီးရာမှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Game Developer တွေတိုးများလာစေဖို့၊ ဂိမ်းတွေကို ချစ်မြတ်နိုးပြီး Game တွေကို ဖန်တီးချင်ကြတဲ့ အသိုင်းအဝန်းက လူကြီးလူငယ်တွေ အတူတူတွေ့ဆုံနိုင်ကြဖို့ နဲ့ မြန်မာနိုင်ငံကနေ အဆင့်မြင့်တဲ့ Game တွေထွက်ပေါ်လာစေဖို့ ရည်ရွယ်ပြီးကျင်းပတာ ဖြစ်တဲ့အတွက် Game ကိုစိတ်ဝင်စားသောသူအားလုံးကို ပါဝင်ယှဉ်ပြိုင်စေချင်ပါတယ်လို့ ပြောထားပါတယ်။

ပွဲအကြောင်း အသေးစိတ်

ဒီဇင်ဘာလ ၁ ရက်နေ့မှာ အသင်းမရှိတဲ့သူတွေက အသင်းဖွဲ့ရမှာဖြစ်ပြီး MCTC (Myanmar Creative Technology College) နဲ့ Save in your Brain Entertainment တို့က နည်းပြတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက လာရောက်သင်ကြားပေးမှာဖြစ်လို့ ကျွမ်းကျင်တဲ့ Game Developer တစ်ယောက်မဟုတ်လဲပါဝင်ယှဉ်ပြိုင်နိုင်ပါတယ်။ အချိန် ၉ ရက်အတွင်း အလုပ်လုပ်နိုင်တဲ့ ရှေ့ပြေးပုံစံ (Prototype) ဂိမ်းလေးထွက်လာရင် ရပါပြီ။ ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ မိမိတို့ရဲ့ ဂိမ်းကို ဒိုင်လူကြီးတွေကကို တင်ဆက်ပြသရမှာဖြစ်ပါတယ်။ ထွက်လာတဲ့ Game တွေကိုလည်း မိမိအဖွဲ့၊ မိမိကိုယ်တိုင် ပိုင်ဆိုင်မှာဖြစ်ပြီး အနိုင်ရရှိတဲ့ အဖွဲ့တွေကို ဆုတွေ ချီးမြှင့်ပေးမယ့်အပြင် Public Game တစ်ခုဖြစ်လာအောင်လည်း ကူညီပေးမှာတဲ့ ခင်ဗျာ။

အခု ကျင်းပမယ့် Game Dev Challenge 2018 တွင် ပါဝင်ယှဉ်ပြိုင်သူတွေအတွက် Free Drink ကို Hype Energy Drink က sponsor အဖြစ် ပါဝင်အားဖြည့်ပေးထားတဲ့အတွက် Energy Drink တွေ ကြိုက်တတ်တဲ့ Game Developer တွေအတွက် ရေမီးအစုံ ပံ့ပိုးပေးတာပါတယ် တဲ့။

လင့်တွေ

ပွဲအတွက် Facebook event လုပ်ထားပြီး အထဲမှာ လိုအပ်တဲ့ အချက်အလက်တွေကို share သွားမှာ ဖြစ်ပါတယ်။ Event ရဲ့လင့်က http://bit.ly/2zo4r0f ဖြစ်ပါတယ်။

ဖန်တီးရာဖက်က နေရာ၊ အင်တာနက်နဲ့ တခြားစီစဉ်စရာလေးတွေရှိတဲ့အတွက် http://bit.ly/2zqtvnd မှာ Register လုပ်ပေးဖို့ ပြောထားပါတယ်။ Register လုပ်ထားတဲ့သူတွေကို ပြိုင်ပွဲအတွက် လုပ်ထားတဲ့ Group ရဲ့ လင့်တွေကို e-mail နဲ့ ပို့ပေးသွားမှာဖြစ်လို့ e-mai တွေကိုလည်း ပြန်စစ်ပေးဖို့ ပြောထားပါတယ်။

ဘော်ဘော်တွေ သူငယ်ချင်းတွေထဲမှာ Game Development ဖက် စိတ်ပါဝင်စားတဲ့သူတွေ သိရအောင်လည်း Share ပေးပါဦးနော်…။

 

Leave a Reply