ဂိမ်းတွေကို ဖန်တီးချင်တဲ့သူတွေ မဖြစ်မနေ တက်သင့်တဲ့ Game Dev Challenge 2018 က မနက်ဖြန် မနက် ၉ နာရီမှာ စတော့မှာနော်…

ဂိမ်းတွေကို ဖန်တီးချင်တဲ့သူတွေ မဖြစ်မနေ တက်သင့်တဲ့ Game Dev Challenge 2018 က မနက်ဖြန် မနက် ၉ နာရီမှာ စတော့မှာနော်…

ဂိမ်းတွေကို ဖန်တီးချင်တဲ့သူတွေ မဖြစ်မနေ တက်သင့်တဲ့ Game Dev Challenge 2018 က မနက်ဖြန် မနက် ၉ နာရီမှာ စတော့မှာနော်…

နှစ်စဉ်ကျင်းပလျက်ရှိတဲ့ Game Dev Challenge 2018 ကို ဖန်တီးရာမှာ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၉ နာရီမှာ စတင်ကျင်းပမှာပါ။

ဂိမ်းကို Development လုပ်တတ်သည်ဖြစ်စေ၊ Development လုပ်ဖို့ စိတ်ပါဝင်စားသည်ဖြစ်စေ ပါဝင်နိုင်မှာဖြစ်ပြီး Unity နဲ့ Game Concept တွေကို MCTC (Myanmar Creative Technology College) နဲ့ Save in your Brain Entertainment တို့က နည်းပြတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေက လာရောက်သင်ကြားပေးမှာဖြစ်ပါတယ်။ အသင်းမရှိတဲ့သူတွေကို အသင်းတွေ ဖွဲ့ပေးမယ့်အပြင် Unity software မရှိတဲ့သူတွေကိုလည်း ထည့်ပေးရမှာမို့လို့ ပွဲစတဲ့ရက် ဒီဇင်ဘာ ၁ ရက်နေ့မှာ မနက် ၉ နာရီအရောက် ဖန်တီးရာကို လာခဲ့ပေးဖို့ ဖန်တီးရာကနေ ကြေငြာထားပါတယ်။

အသင်းတစ်သင်းမှာ လူ ၁ ယောက်ကနေ ၅ ယောက်အထိ ပါဝင်ခွင့်ရှိမှာဖြစ်ပြီး အကယ်လို့ အသင်းမရှိသေးဘူးဆိုရင်လည်း အသင်းမရှိတဲ့သူတွေ အချင်းချင်း တွေ့ဆုံပြီး အသင်းတစ်သင်းအဖြစ် ပါဝင်လို့ရပါသေးတယ်နော်…။

အချိန် ၉ ရက်အတွင်း အလုပ်လုပ်နိုင်တဲ့ ရှေ့ပြေးပုံစံ (Prototype) ဂိမ်းလေးထွက်လာရင် ရပါပြီ။ ပွဲနောက်ဆုံးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၉ ရက်နေ့မှာ မိမိတို့ရဲ့ ဂိမ်းကို ဒိုင်လူကြီးတွေကို တင်ဆက်ပြသရမှာဖြစ်ပါတယ်။

ထွက်လာတဲ့ Game တွေကိုလည်း မိမိအဖွဲ့၊ မိမိကိုယ်တိုင် ပိုင်ဆိုင်မှာဖြစ်ပြီး အနိုင်ရရှိတဲ့ အဖွဲ့တွေကို ဆုတွေ ချီးမြှင့်ပေးမယ့်အပြင် မိမိအဖွဲ့နာမည်နဲ့ ကိုယ်ပိုင် Public Game တစ်ခုဖြစ်လာအောင်လည်း ပွဲပြီးတဲ့နောက်ပိုင်းမှာ ဆက်လက်ကူညီပေးသွားမှာဖြစ်ပါတယ်။

ဂိမ်းချစ်သူတွေ ဂိမ်းဖန်တီးချင်တဲ့သူတွေ တက်ရောက်ပါဝင် စာရင်းပေးသွင်းနိုင်ပါတယ်နော်…
နေရာ၊ အင်တာနက်နဲ့ တခြားစီစဉ်စရာလေးတွေရှိတဲ့အတွက် http://bit.ly/2zqtvnd မှာ
Register လုပ်ပေးပါနော်….။

အသေးစိတ်အချက်အလက်တွေ၊ တက်ရောက်ရမယ့်အချိန်တွေ၊ Training တွေပေးမယ့် အချိန်တွေကို Facebook Group မှာ ကြေညာပေးမှာဖြစ်လို့ Register လုပ်ထားတဲ့သူတွေရဲ့ e-mail မှာ Facebook Group ရဲ့ Link ကို ပို့ပေးသွားမှာ ဖြစ်ပါတယ်။

Leave a Reply