ဖိလစ်ပိုင်နိုင်ငံက ၂၀၁၉တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game) ၌ Mobile Legend ဂိမ်းကို အီလက်ထရွန်နစ် အား ကစားနည်း (e-Sport) အဖြစ် ပထမဆုံး ထည့်သွင်းယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဖိလစ်ပိုင် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ ကော်မတီ (Phil SGOC) က သတင်းထုတ်ပြန်သည် ဆိုပြီး 7Days News Journal ရဲ့ Facebook Page မှာ ဖော်ပြထားပါတယ်။

အဲ့ကော်မတီက e-Sport ကို အားကစားနည်းတစ် မျိုးအဖြစ် ထည့်သွင်းယှဉ်ပြိုင်ဖို့ ဂိမ်းနဲ့ ပတ်သက်တဲ့ Hardware ထုတ်လုပ်တဲ့ Razer ကုမ္ပဏီနဲ့ ပူးတွဲဆောင်ရွက်ဖို့ နိုဝင်ဘာ ၂၈ ရက်က ကြေညာခဲ့တယ်ဆိုပြီး Fox Sport အာရှဝက်ဘ် ဆိုက်က ဖော်ပြထားပါတယ်တဲ့။

၂၀၁၉ SEA Game မှာ အီလက်ထရွန်နစ် ဂိမ်းခြောက်မျိုး ပါဝင်မှာ ဖြစ်ပြီး မိုဘိုင်းဖုန်းနဲ့ ပြိုင်ရမယ့် ဂိမ်းနှစ်မျိုး၊ ကွန်ပျူတာ နဲ့ ယှဉ်ပြိုင်ရမယ့် ဂိမ်းနှစ်မျိုးနဲ့ လက်ကိုင်ခလုတ်ဖြင့် ယှဉ်ပြိုင်ရမယ့် ဂိမ်းနှစ်မျိုး ထည့်သွင်းကျင်းပပြီး ရွှေတံဆိပ်ဆုပေးအပ်မှာဆိုတဲ့အကြောင်း Razer ကုမ္ပဏီ ရဲ့ မဟာဗျူဟာပိုင်းဆိုင်ရာ အရာရှိချုပ် Limeng Lee က ပြောခဲ့ပါတယ်။

ဂိမ်းခြောက်မျိုး ထဲကနေ  MobileLegend ဂိမ်းကို ပထမဆုံးအတည် ပြုပြီး ကျန်ဂိမ်းအမျိုးအစားငါးခု ကို ဒီဇင်ဘာမှာ ထပ်မံရွေးချယ်မှာလို့ အရှေ့တောင် အာရှအားကစားပြိုင်ပွဲကော်မတီ (Phil SGOC) က ဆိုပါတယ်။

‘‘ကျွန်တော်တို့ လူ့အဖွဲ့အ စည်းထဲက ဂိမ်းကစားသူတွေရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ် တဲ့ e-Sport အားကစားနည်းကို အရှေ့တောင်အာရှ SEA Game ပြိုင်ပွဲမှာ Razer နဲ့အတူ လက်တွဲ ပြီး ဆောင်ရွက်ခွင့်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားပြီးတော့ ဂုဏ် ယူမိပါတယ်’’ဟု အရှေ့တောင် အာရှအားကစားပြိုင်ပွဲကော်မတီ (Phil SGOC)  ဥက္ကဋ္ဌ Alan Peter Cayetno က ပြောခဲ့တာပါ။

ရွေးချယ်အတည်ပြုခံရမယ့် e-Sport (အီလက်ထရွန်နစ် အားကစားနည်းများ)က နိုင်ငံတကာ အိုလံပစ်အားကစားကော်မတီရဲ့ စည်းမျဉ်းများနဲ့ လိုက်လျောညီထွေဖြစ်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ ဆိုးသွမ်းတဲ့ ယဉ်ကျေးမှု၊ လောင်းကစားဆန်မှုတွေကို အားပေးတဲ့ဟာတွ မဖြစ်စေရ ဆိုပြီး သတ်မှတ်ထားကြောင်း (Phil SGOC) က ပြောပါတယ်။

Gamer အပေါင်း အားလုံးသိကြတဲ့ MobileLegend ကို  မြန်မာနိုင်ငံမှာ ကစားသူ ၅ ဒသမ ၃ သန်းကျော်ရှိတယ်ဆိုပြီး Mooton ဂိမ်းကုမ္ပဏီရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

e-Sport အားကစားနည်း ကို ယခုနှစ် ကျင်းပခဲ့သော အာရှ အားကစားပြိုင်ပွဲမှာ  သရုပ်ပြ ပြိုင်ပွဲများအဖြစ် ထည့်သွင်းခဲ့ပြီး ဆုတံဆိပ်မပေးဘဲ ၂၀၁၉ အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲမှသာ တရားဝင်ထည့်သွင်း ကျင်းပဖို့ ပထမဆုံးအကြိမ် အတည်ပြုခြင်းဖြစ်ပါတယ်။

ယခု ဆောင်းပါးကို 7Days Journal မှ ကိုနိုင်လင်းအောင်၏ “Mobile Legend ဂိမ်းကို e-Sport အားကစားအဖြစ် ဖိလစ်ပိုင်ဆီးဂိမ်းတွင် ထည့်သွင်း” အမည်ရှိ ဆောင်းပါးမှ မှီငြမ်းကူးယူဖော်ပြထားပါသည်။