ဒီဇင်ဘာလ ရောက်ရှိလာပါပြီ… New Year ကာလ ခရီးထွက်မယ့်သူတွေလည်းရှိသလို ကိုယ်တွေလို အိမ်တွင်းပုန်းပြီး game တွေထဲမှာ ဝုန်းကြမယ့် Gamer တွေလည်း အများကြီးပါ။

ပိတ်ရက်မတိုင်ခင် Graphics ကဒ်တွေ မြှင့်မယ်… ပြီးမှ အမုန်းဝုန်းမယ်ဆိုတဲ့သူတွေအတွက်လည်း အကောင်းဆုံး အချိန်ကို ရောက်ရှိလို့လာပါပြီ။ အဲတာက သတ်မှတ်ထားတဲ့ nVIDIA ကဒ်တွေကို ဝယ်မယ်ဆိုရင် Battlefield V တို့ Monster Hunter တို့ အပြင် Fortnite Bundleကို ရရှိကြမှာ ဖြစ်လို့ nVIDIA ကဒ်တွေကို ဝယ်ဖို့ ချီတုံချတုံ ဖြစ်နေတဲ့သူတွေအတွက် အကောင်းဆုံးအချိန်ပါနော်…

ကဲ ဘယ်ဆိုင်က ဘယ်လို Deal တွေပေးနေတယ်ဆိုတာ ကြည့်လိုက်ကြရအောင်။

ပထမဆုံး Deal က B2HD က ဖြစ်ပါတယ်…

အဲတာကတော့ သတ်မှတ်ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ Zotac Graphics card တွေ ဝယ်ယူပြီး အထူးလက်ဆောင် game code တွေ ရရှိမှပါ။

ဝယ်ရမယ့် ကဒ်တွေ ဝယ်ရမယ့်အချိန်နဲ့ ရမယ့် Game တွေကို ကြည်လိုက်ကြရအောင်…

ကဒ် > ZOTAC RTX 2080Ti, RTX 2080, RTX 2070
အချိန် > နိုဝင်ဘာ ၂၀ ကနေ ဇန်နဝါရီလ ၇ ရက် (ပစ္စည်းရှိတဲ့အချိန်) အတွင်း
Free ရမယ့် Game > Battlefield V

အသေးစိတ်ကို http://www.zotac.com/sg/page/Battlefield-V-game-bundle  မှာ ဝင်ကြည့်လို့ရပါတယ်။

ဂိမ်းကုဒ်ရယူဖို့ -> https://www.zotac.com/sg/page/redeem-Battlefield-V

ကဒ် > ZOTAC GTX 1070Ti, GTX 1070, GTX 1060
အချိန် > နိုဝင်ဘာ ၂၀ ကနေ ဇန်နဝါရီလ ၇ ရက် (ပစ္စည်းရှိတဲ့အချိန်) အတွင်း
Free ရမယ့် Game > Monster Hunter World
Free ရမယ့် Ingame item> Fortnite Counter Attack Set (2000 vbucks, reflex outfit (rare), pivot glider (rare), angular axe pickaxe (uncommon), response unit back bling)

Monster hunter game အကြောင်း http://www.zotac.com/…/page/monster-hunter-world-game-bundle

Fortnite set အကြောင်း https://www.zotac.com/sg/page/fortnite-bundle တွင်

Monster hunter game code ရယူဖို့ -> https://www.zotac.com/sg/page/redeem-monster-hunter-world

Fortnite counterattack set ရယူဖို့ -> https://www.zotac.com/sg/page/redeem-fortnite.

ZOTAC graphics card များကို ယခုအခါ မြန်မာပြည်တွင် B2HD မှ တရားဝင်ဖြန့်ဖြူးပေးလျက်ရှိပြီး တရားဝင် အာမခံ ၃ နှစ်ပါရှိပါသည်။

ထပ်ဆင့် ခံစားခွင့်အနေနဲ့ December နှင့် January လများအတွင်း ZOTAC graphics card များဝယ်ယူပါက ZOTAC T shirt, mousepad, magnet များကို လက်ဆောင်ရယူနိုင်မည်ဖြစ်ပါသည်။ (ပစ္စည်းလက်ကျန်ရှိသည်အထိသာ)

ZOTAC  ကဒ်တွေရဲ့ ဈေးတွေကို ဒီမှာနှိပ်ပြီး ကြည့်နိုင်ပါတယ်။


ဒုတိယ Deal က Tech Ace က ဖြစ်ပါတယ်…

အဲကကတော့ Colorful RTX တွေဝယ်ယူမယ့် Customer များအတွက် 60$ တန် Battlefield V Game Code ရနိုင်မယ့်ဟာပါ။

ကဒ် > Colorful RTX 2080Ti, RTX 2080, RTX 2070
အချိန် > နိုဝင်ဘာ ၂၀ ကနေ ဇန်နဝါရီလ ၇ ရက် (ပစ္စည်းရှိတဲ့အချိန်) အတွင်း
Free ရမယ့် Game > Battlefield V

ကဒ် > Colorful GTX 1070Ti, GTX 1070, GTX 1060 6gb
အချိန် > နိုဝင်ဘာ ၂၀ ကနေ ဇန်နဝါရီလ ၇ ရက် (ပစ္စည်းရှိတဲ့အချိန်) အတွင်း
Free ရမယ့် Game > Monster Hunter World
Free ရမယ့် Ingame item> Fortnite Counter Attack Set (2000 vbucks, reflex outfit (rare), pivot glider (rare), angular axe pickaxe (uncommon), response unit back bling)

Colorful ကဒ်တွေရဲ့ ဈေးတွေကို ဒီမှာနှိပ်ပြီး ကြည့်နိုင်ပါတယ်။


တတိယ Deal က nVIDIA က ဖြစ်ပါတယ်…

အဲတာကတော့ ဘယ် ဆိုင်ကဝယ်ဝယ် ရရှိမယ့် Fortnite Bundle ဖြစ်ပြီး မှာ  https://nvda.ws/2raVgvl ကနေတဆင့် သွားရမှာပါတဲ့။ Caim လုပ်ဖို့ အဆင်မပြေတာ… အသေးစိတ် သိချင်တာရှိရင် nVIDIA ရဲ့ မြန်မာနိုင်ငံရဲ့ Page ဖြစ်တဲ့ NVIDIA GeForce Myanmar မှာသွားပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျာ…


လက်ရှိ Promo တွေအပြင်  ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ရှိဦးမယ့် MSI ရဲ့ Promo လည်း ရှိပါသေးတယ်နော်…  Assassin’s Creed Odyssey ကို FREE ပေးမှဖြစ်ပါတယ်… သိချင်တယ်ဆိုရင် ဒီမှာနှိပ်ပါ