လူငယ် ဂိမ်း Developer တွေ ဖန်တီးထားတဲ့ ဂိမ်းတွေကို ကိုယ်တိုင်စမ်းသပ်ကြည့်ရှုနိုင်မယ့်ပွဲ

လူငယ် ဂိမ်း Developer တွေ ဖန်တီးထားတဲ့ ဂိမ်းတွေကို ကိုယ်တိုင်စမ်းသပ်ကြည့်ရှုနိုင်မယ့်ပွဲ

ရန်ကုန်မြို့လယ်က ဖန်တီးရာမှာ ဂိမ်း Development ပွဲ (ဂိမ်းတွေရေးတဲ့ပြိုင်ပွဲ) တစ်ခုလုပ်နေတာဖြစ်ပြီး ဒီလ ၉ ရက်နေ့ တနင်္ဂနွေနေ့မှာ လာရောက်ကြည်ရှုသူတွေကိုလည်း လက်တွေ့ပြသမှာပါတဲ့…

ကိုယ်တွေက ဂိမ်းတော့ဆော့တယ် ဒါပေမယ့် ကိုယ်တွေလို လူငယ် ဂိမ်း Developer တွေရဲ့ လက်ရာတွေ၊ ပြည်တွင်း ဂိမ်း Developer တွေရဲ့ လက်စွမ်းတွေကို သိချင်ကြည့်ချင်မယ်လို့လည်း ထင်ပါတယ်။

ဒါဆိုရင် ဖန်တီးရာမှာ လုပ်နေတဲ့ Game Dev Challenge ရဲ့ နောက်ဆုံးနေ့ကို တက်ရောက်ဖို့ ဂိမ်းဝါသနာရှင်အားလုံးကို ဖိတ်ခေါ်ပါတယ်နော်…။

Game Dev Challenge ဆိုတာ ဘာမှန်းမသိသေးတဲ့သူတွေကို ပြန်လည်ရှင်းပြရမယ်ဆိုရင် မြန်မာနိုင်ငံမှာ Game Developer တွေတိုးများလာစေဖို့၊ ဂိမ်းတွေကို ချစ်မြတ်နိုးပြီး Game တွေကို ဖန်တီးချင်ကြတဲ့ အသိုင်းအဝန်းက လူကြီးလူငယ်တွေ အတူတူတွေ့ဆုံနိုင်ကြဖို့ နဲ့ မြန်မာနိုင်ငံကနေ အဆင့်မြင့်တဲ့ Game တွေထက်ပေါ်လာစေဖို့အတွက် ဒီဇင်ဘာလ ၁ ရက်ကနေ စပြီး ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။

နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြိုင်ပွဲဝင်အသင်းတွေက မိမိတို့ ပြုလုပ်ခဲ့ကြတဲ့ Game တွေကို တက်ရောက်ကြတဲ့သူတွေကို ပြသတာတွေ အကဲဖြတ်နိုင်လူကြီးတွေကို ရှင်းလင်းပြသတာတွေကို ပြုလုပ်ကြမှာဖြစ်လို့ အစောကပြောခဲ့သလို လူငယ် ဂိမ်း Developer တွေရဲ့ လက်ရာတွေ၊ ပြည်တွင်း ဂိမ်း Developer တွေရဲ့ လက်စွမ်းတွေ ကို ကြည့်ချင် သိချင်တဲ့ ဂိမ်း ဝါသနာရှင်တွေ အားလုံးကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်နော်…။

အခုလို ဂိမ်း Developer တွေရဲ့ လက်ရာတွေကို ကြည့်ရှုစမ်းသပ်ပြီး ဘယ်အသင်း အနိုင်ရရှိမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်ချင်တယ်ဆိုရင်တော့ဖြင့် ဒီဇင်ဘာလ ၉ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ် မှာ ဖန်တီးရာကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်…

Register လုပ်တဲ့အရေအတွက်ပေါ်မူတည်ပြီး နေရာတွေ စီစဉ်ပေးရမှာမို့လို့ လာမယ်ဆိုရင်တော့ http://bit.ly/GDCFinal မှာ Register လေးတော့ လုပ်ပေးကြပါနော်…။

Phandeeyar address…

628/636 Merchant Road, (10th Floor, Royal River View Condo) Between 29th and, 30th St, Yangon, Myanmar.

 

Credit: Phandeeyar
Photo Credit: Phandeeyar

 

 

Leave a Reply