ဂိမ်မှာမှန်ရင် အိမ်မှာမနေသင့်တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့

ဂိမ်မှာမှန်ရင် အိမ်မှာမနေသင့်တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့

တစ်ကယ်ကြီးပါ… ဒီနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ (တနင်္ဂနွေနေ့) မှာ မြန်မာနိုင်ငံက ဂိမ်မာတွေ အိမ်မှာ ကပ်ပြီးမနေသင့်ပါဘူး…  ဘာလို့လဲဆိုတော့ ဂိမ်းနဲ့ပတ်သက်တဲ့ ပွဲကြီး ၂ ပွဲကို ၂ နေရာမှာ လုပ်နေလို့ပါ။

ပထမပွဲက GeForce Cup Myanmar PUBG Tournament (PC) ပြိုင်ပွဲကြီးဖြစ်ပြီး ဖြစ်ပြီး NVIDIA GeForce Myanmar နှင့် Colorful Technology တို့နှင့် ပူးပေါင်းပြီး ကျင်းပနေတာဖြစ်ပါတယ်။ ခါတိုင်းပြိုင်ပွဲတွေနဲ့ မတူပဲ ထူးခြားတာက ပထမရရှိတဲ့ အသင်းက တစ်ဦးစီကိုကာလတန်ဖိုး ၇ သိန်းထက်မနည်းတဲ့ဆုတွေကိုရရှိမယ့်အပြင် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တရုတ်ပြည်မှာ ကျင်းပမယ့် Colorful Gaming Union (CGU) မှာ နေစရိတ် သွားစရိတ်ငြိမ်း sponsor နဲ့ပေးမှာမို့လို့ တော်တော်ကြီးကို အကြိတ်အနယ်ရှိမှာဖြစ်မယ့်ပွဲမို့လို့ PUGB သမားတွေ မဖြစ်မနေ သွားရောက်အားပေးသင့်ပါတယ်။

ပွဲလုပ်မယ့်နေရာက OX Esport Center ဖြစ်ပြီး လိပ်စာက အမှတ် (321), ရတနာလမ်း၊ တောင်ဥက္ကလာ ရန်ကုန် ဖြစ်ပြီး ပွဲကို မနက် ၉ နာရီကနေ စမှာဖြစ်ပြီး  နောက်ဆုံးပွဲက နေ့လည် ၂ နာရီ မှာစမှာ ဖြစ်ပါတယ်။ ဆုပေးပွဲကတော့ ညနေ ၄ နာရီပါ။ 

ဒီနေရာပါ

 

ဒုတိယပွဲကတော့ ဖန်တီးရာမှာ လုပ်နေတဲ့ Game Dev Challenge ပါ။  မြန်မာနိုင်ငံမှာ Game Developer တွေတိုးများလာစေဖို့၊ ဂိမ်းတွေကို ချစ်မြတ်နိုးပြီး Game တွေကို ဖန်တီးချင်ကြတဲ့ အသိုင်းအဝန်းက လူကြီးလူငယ်တွေ အတူတူတွေ့ဆုံနိုင်ကြဖို့ နဲ့ မြန်မာနိုင်ငံကနေ အဆင့်မြင့်တဲ့ Game တွေထက်ပေါ်လာစေဖို့အတွက် ဒီဇင်ဘာလ ၁ ရက်ကနေ စပြီး ကျင်းပပြုလုပ်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။ နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ပြိုင်ပွဲဝင်အသင်းတွေက မိမိတို့ ပြုလုပ်ခဲ့ကြတဲ့ Game တွေကို ဒိုင်လူကြီးတွေဆီမှာ မနက် ၁၀ နာရီကနေစပြီး အသင်းလိုက် တက်ရောက်ပြသမှာ ဖြစ်ပြီး လာခဲ့ဖို့ အကောင်းဆုံးအချိန်က Public Game show အချိန်ဖြစ်တဲ့ နေ့လည် ၂ နာရီ ၄၅ ပါ…။ အဲ့နောက်ပိုင်းမှာ ဆုပေးပွဲကို ညနေ ၄ နာရီကနေ စပြီးပြုလုပ်သွားမှာဖြစ်လို့ ပြည်တွင်း လူငယ် Game Developer တွေရဲ့လက်ရာတွေကို ကြည့်ချင်တယ် စိတ်ဝင်စားတယ်ဆိုရင် မဖြစ်မနေ လာသင့်ပါတယ်။  ဒိုင်လူကြီးတွေထဲမှာ ကွီးနဲ့ Simba Gaming တို့လည်း ပါတာမို့လို့ လာတွေ့ချင်တယ်ဆိုရင်လည်း ညနေပိုင်းမှာ ကြွလာခဲ့ကြပါနော်…။

ပွဲလုပ်မယ့်နေရာက ရန်ကုန်မြို့လယ်က ဖန်တီးရာ မှာဖြစ်ပြီး  Royal River View Condo (၁၀ ထပ်), အမှတ် ၆၂၈၊ ၆၃၆ ကုန်သည်လမ်း (၂၉ လမ်းနဲ့ လမ်း ၃၀ ကြား) ပန်းဘဲတန်း ရန်ကုန် ပါ။

ဖန်တီးရာရဲ့ နေရာပါ

 

Leave a Reply