Huawei New Year Championship 2018 - Gaming Kwee

ကမ္ဘာအဝှမ်း လူကြိုက်များလျက်ရှိတဲ့ PUBG မိုဘိုင်းဂိမ်းကို မြန်မာနိုင်ငံက Player တွေအတွက် Huawei New Year Championship 2018 ပြိုင်ပွဲ ကြီး ကျင်းပပေးသွားမှာဖြစ်တယ်လို့ Huawei ကနေတဆင့် သိရပါတယ်။

အခု ကျင်းပမယ့် Huawei New Year Championship 2018 ပြိုင်ပွဲကြီးကို Huawei နဲ့ Game Cast Network Myanmar တို့ ပူးပေါင်းပြီး ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်သူ မည်သူမဆို အခမဲ့ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ခွင့်လျှာက်လွှာတွေကို ဒီဇင်ဘာ ၁၉ရက်ကနေ ၂၂ ရက်အထိ အွန်လိုင်းမှတစ်ဆင့် Google Form ကို အသုံးပြပြီး လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ပြုလုပ်တဲ့ရည်ရွယ်ချက်ကတော့ PUBG ဂိမ်းကို မြန်မာနိုင်ငံမှာ နှစ်ခြိုက်စွာကစားသူဦးရေ များပြားလာတာနဲ့ အညီ ကျွမ်းကျင်တဲ့PUBG Mobile အသင်းတွေ ပေါ်ထွက်လာဖို့နဲ့ နိုင်ငံတကာပြိုင်ပွဲများမှာ မြန်မာနိုင်ငံကိုယ်စားပြုအသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ရည်ရွယ်ပြီး Huawei New Year Championship 2018 ပြိုင်ပွဲကြီးကို ကျင်းပတာဖြစ်ပြီး ပြိုင်ပွဲမှာ
အနိုင်ရရှိသတဲ့ ကစားသမားများကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၀၀ (မြန်မာငွေကျပ် ၇၅သိန်းခန့်) ချီးမြင့်ပေးအပ်သွားမည်ဖြစ်ပါတယ်။

Huawei Device Myanmar မှ Marketing Director ဖြစ်တဲ့ မခင်ရတနာဝင်းက “အွန်လိုင်းဂိမ်းတွေကို နှစ်သက်ကြသူတိုင်းအတွက် ရည်ရွယ်ပြီး ဖန်တီးထားတဲ့ Huawei Nova Series ဖုန်းတွေက PUBG ဂိမ်းနဲ့အတူ လူကြီး၊ လူငယ်တွေအကြားမှာ လူကြိုက်များလာနေပါပြီ။ ဂိမ်းကစားရတာကို ကြိုက်နှစ်သက်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဂိမ်းကစားခြင်းအတွေ့အကြုံတွေကို ပေးအပ်နိုင်ဖို့ Huawei ကနေ ဖန်တီးထားတဲ့ GPU Turbo ကို Huawei Nova 3 နဲ့ 3i တို့မှာ ထည့်သွင်းပေးထားတာကြောင့် PUBG ဂိမ်းကစားတဲ့အခါမှာလည်း ထစ်ငေါ့ခြင်းမရှိဘဲ စိတ်တိုင်းကျ ကစားနိုင်လို့ သုံးစွဲသူတွေ ကျေနပ်နှစ်သက်ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ PUBG Player တိုင်း ရင်ခုန်စိတ်လှုပ်ရှားစေမယ့် အခုလို ဂိမ်းပြိုင်ပွဲကြီးကိုလည်း Huawei New Year Championship 2018 ကတစ်ဆင့် ယူဆောင်လာပေးလိုက်နိုင်ပါပြီ။ ဒီပြိုင်ပွဲကြီးကနေတစ်ဆင့် နိုင်ငံတကာပြိုင်ပွဲတွေအထိ တက်လှမ်းနိုင်အောင် အားသွန်ခွန်စိုက် ကြိုးစားယှဉ်ပြိုင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုလို အစီအစဉ်မှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း အရမ်းကို ဂုဏ်ယူမိပါတယ်။ Huawei အနေနဲ့လည်း အွန်လိုင်းဂိမ်းကို နှစ်သက်ကြတဲ့ သုံးစွဲသူတွေ ပိုမိုစိတ်ကျေနပ်မှုရှိစေဖို့ နည်းပညာ တီထွင်ပံ့ပိုးမှုတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

Game Cast Network Myanmar ရဲ့ Senior Administration ဖြစ်သူ ကိုစိုးမိုးအေးကလည်း ”ယခုကျင်းပတဲ့ PUBG Mobile ပွဲက ကျွန်တော်တို့အတွက် ဒီ Game နဲ့ ပတ်သက်တဲ့ ပထမဆုံး ခြေလှမ်းပါ။ ပထမဆုံး ဆိုပေမယ့်လို့ ပြိုင်ပွဲကြီးတစ်ခုလုံးကို နိုင်ငံတကာ စံချိန်၊ စံညွှန်းတွေနဲ့အညီ ကျင်းပ ပြုလုပ်ပေးထားပါတယ်။ Main Event မှာဆိုရင်လည်း လက်ရှိ မြန်မာနိုင်ငံရဲ့ Esports ပြိုင်ပွဲတွေထဲမှာမှ  Player အများဆုံး On stage ဆော့မယ့် အကြီးဆုံး ပွဲတစ်ခုဖြစ်အောင် ပုံဖော်ထားပါတယ်။ PUBG Mobile နဲ့ ပတ်သက်လို့ Professional Team တွေ ဒီပွဲကနေစပြီး ပေါ်ထွက်လာဖို့လည်း မျှော်လင့်ပါတယ်။ ဒီလို ကျွန်တော်တို့ရဲ့ PUBG Mobile နဲ့ ပတ်သက်လို့ ပထမဆုံး ခြေလှမ်းမှာတင် ယုံကြည်ပြီး လက်တွဲပေးတဲ့ Huawei ကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲ၏ အစောပိုင်း Qualifier ပွဲစဉ်များကို လေးခုခွဲ၍ ကျင်းပသွားမှာဖြစ်ပြီး Qualifier တစ်ခုစီမှာ အသင်း ၂၅ သင်းက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ နေထိုင်သူများ ပါဝင်ယှဉ်ပြိုင်ကြမည့် Qualifier 1,2 နှင့် 3 တို့ကို ဒီဇင်ဘာလ ၂၄၊ ၂၅၊ ၂၆ ရက်နေ့တွင် ကျင်းပသွားမှာဖြစ်ပြီး တခြားသောမြို့နယ်တွင် နေထိုင်သူတွေ ပါဝင်ယှဉ်ပြိုင်ကြမယ့် Qualifier 4
ကို ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အွန်လိုင်းပြိုင်ပွဲအနေနဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ Qualifier တစ်ခုစီမှာ အနိုင်ရရှိတဲ့ အသင်း ၄သင်းက ဒီဇင်ဘာလ ၃၁ ရက်နေ့ Junction City မှာ ကျင်းပမည့် Grand Final မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပြီး Qualifier 4 က တက်ရောက်တဲ့ အသင်းတွေအတွက် ရန်ကုန်မြို့ကို စရိတ်ငြိမ်း ခေါ်ယူယှဉ်ပြိုင်ကစားစေမှာဖြစ်ပါတယ်။ Grand Final ပြိုင်ပွဲကြီးမှာ အနိုင်ရရှိတဲ့ ချန်ပီယံအသင်းက အမေရိကန်ဒေါ်လာ ၃၀၀၀၊ 1st Runner Up က အမေရိကန်ဒါ်လာ
၁၀၀၀၊ 2nd Runner Up က အမေရိကန်ဒေါ်လာ ၅၀၀၊ 3rd Runner Up က အမေရိကန် ဒေါ်လာ ၃၀၀ နဲ့ 4th Runner Up က အမေရိကန်ဒေါ်လာ ၂၀၀ အသီးသီး ချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲကာလတစ်လျှောက် သတင်းအချက်အလက်များနှင့် ပွဲစဉ်များ၊ အချိန်နှင့်တပြေးညီ တိုက်ရိုက်ထုတ်လွှင့်မှုများကို Huawei Myanmar ရဲ့ တရားဝင် Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/huaweitechmm နဲ့ Game Cast Network Myanmar ၏ Facebook စာမျက်နှာဖြစ်တဲ့ https://www.facebook.com/gcnmyanmar/ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Register ပြုလုပ်ဖို့ – https://bit.ly/2QDvy23
စည်းမျဉ်းစည်းကမ်းတွေ – https://bit.ly/2A4GPhu