တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပနေပြီး ဂိမ်းတွေရေးတဲ့ Community ပွဲ ဖြစ်တဲ့ Global Game Jam – Yangon

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပနေပြီး ဂိမ်းတွေရေးတဲ့ Community ပွဲ ဖြစ်တဲ့ Global Game Jam – Yangon

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပနေပြီး ဂိမ်းတွေရေးတဲ့ Community ပွဲ ဖြစ်တဲ့ Global Game Jam – Yangon

ရန်ကုန်မြို့က Kanaung Hub မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျင်းပနေပြီး ဂိမ်းတွေရေးတဲ့ Community ပွဲ ဖြစ်တဲ့ Global Game Jam – Yangon ဆိုတဲ့ ပွဲကို အခု စတင်ကျင်းပနေပြီဖြစ်ပါတယ်။

 

Global Game Jam ဆိုတာ Programmer, Artist, Designer, Animator, Script Writer, Project Manager, Music နဲ့ ပတ်သတ်သူတွေ တင်မက ဂိမ်းရေးချင်သူ/လေ့လာချင်သူ ဘယ်သူမဆို Professional ဖြစ်ဖြစ်… ဝါသနာရှင်ဖြစ်ဖြစ် အခမဲ့ ပါဝင်နိုင်တဲ့ ပွဲဖြစ်ပြီး မြန်မာနိုင်ငံမှာသာမကပဲ တစ်ကမ္ဘာလုံးမှာ ပြုလုပ်နေတဲ့ တပြိုင်ထဲလုပ်နေတဲ့ ပွဲဖြစ်ပါတယ်။ ဆိုလိုတာက ကျတော်တို့ ရန်ကုန်မှာ သောကြာနေ့ညနေကနေစပြီး ဝုန်းနေသလို နိုင်ငံခြားမှာလည်း သူတို့တွေ အခုလို ဝုန်းနေကြတာပါ။

 

ဆိုတော့ ဘယ်လိုလုပ်လဲဆိုတော့ ပါဝင်ကြမယ့်သူတွေက သောကြာနေ့ညနေပိုင်းမှာ စုဝေးပြီး Leading Game Developer များရဲ့ အကြံပေးမှုများကို Short video ကိုကြည့်ခဲ့ကြပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ပြိုင်ပွဲအတွက် ခေါင်းစဉ်ကို ကြေငြာပေးတာဖြစ်ပါတယ်။ တစ်ချိန်ထဲမှာလည်း ကမ္ဘာတစ်ဝန်းလုံးရှိ ပြိုင်ပွဲဝင်တွေလည်း အဲ့ခေါင်းစဉ်တွေကို အခြေခံပြီး Game တွေကို တနင်္ဂနွေနေ့ နေ့လည်မှာ အပြီးသတ်ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ ဂိမ်းတွေဖန်တီးတဲ့ Community တစ်ခု ဖြစ်လာဖို့၊ လူတွေတွေ့ဆုံပြီး နည်းပညာတွေ ဖလှယ်ဖို့၊ မြန်မာ့ဂိမ်း Community က ထွက်လာတဲ့ game တွေကို ပြည်တွင်းနဲ့ ပြည်ပမှာ ချပြနိုင်ဖို့၊ ဒီနိုင်ငံက community နဲ့တင်မကပဲ ကမ္ဘာ့ Community နဲ့ ချိတ်ဆက်နိုင်ဖို့၊ ပြည်တွင်းမှာ ဂိမ်း Industry တိုးတက်လာဖို့နဲ့ Professional Market ဖြစ်လာစေဖို့ြ့ဖစ်ပါတယ်…

 

ကဲ.. ကွီးသွားတဲ့ အချိန်မှာတော့ အားရပါးရတွေ ရေးနေကြ၊ ဝုန်းနေကြ၊ ဆွဲနေကြတယ်…
အရေးကြီးတာက မနက်ဖြန် ညနေ ၃ နာရီ (January 27) မှာ သူတို့တွေရေးထားတဲ့ Game တွေကို ပြမှာဖြစ်လို့ ပြည်တွင်းက Game Developer တွေရဲ့ လက်စွမ်းကို တွေ့ချင်တယ်ဆိုရင် လာခဲ့လိုက်ပါနေ်ာ…

လိပ်စာက

4th Floor, Building 14, MICT Park
Hlaing University Campus, Yangon.
11051, Myanmar

Leave a Reply