The Steam Awards 2018 ရဲ့ အဖြေတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီ ဂိမ်းတွေကို Steam ကနေ ရွေးချယ်တာမဟုတ်ပဲ Steam ကို သုံးနေကြတဲ့ Gamer တွေကပဲ မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်…
ကဲ ဘယ်ဂိမ်းတွေ ဆုရခဲ့လဲဆိုတာ ကြည့်လိုက်ကြရအောင်…
Game of the Year – ဒီဇိုင်းတွေ၊ Multiplayer အပိုင်းတွေ၊ တခြားအချက်အလက်တွေ ပေါင်းပြီး တစ်နှစ်လုံးအတွက် အကောင်းဆံုံး ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ…
Winner – PLAYERUNKNOWN’S BATTLEGROUNDS (PUBG)
VR Game of the Year – Virtual Reality လို့ခေါ်တဲ့ VR ကမ္ဘာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ…
Winner – The Elder Scrolls V: Skyrim VR
Labor of Love – ဂိမ်းက ထွက်တာလဲကြာပြီ… ဂိမ်းကို ထုတ်တဲ့ အဖွဲ့က သူတို့ရဲ့ ကလေး (Game) ကို အခုထိ ထိန်းသိမ်းနေတယ်… ပြုပြင်နေတယ်… အသစ်တွေ အခုထိ ထုတ်နေတုန်း… ဆိုတဲ့ ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။
Winner – Grand Theft Auto V (GTA 5)
Best Developer – ပရိသတ်တွေရဲ့ စကားကိုလည်း နားထောင်တယ်… မထင်မှတ်တာတွေလည်း လုပ်ပြနိုင်တယ် ပြီးတော့ ပြောသလို ဂိမ်းတွေကိုလည်း ထုတ်ပြနိုင်တယ် ဆိုတဲ့ Developer ကို ရွေးချယ်ခဲ့ကြတာပါ။
Winner – CD Projekt Red (Witcher ဂိမ်းတွေရဲ့ Developer)
Best Environment – ရင်သပ်ရှုမောဖွယ်ရာ ပတ်ဝန်းကျင် ကမ္ဘာကို (Game World) ကို အကောင်းဆုံး ဖန်တီးပေးခဲ့တဲ့ Game ကို ရွေးချယ်ခဲ့ကြတာပါ။
Winner – Witcher 3: Wild Hunt
Better with Friends – ဂိမ်းတွေအများကြီး ရှိတဲ့ခေတ်မှာ သူငယ်ချင်းတွေရှိမှ… ကိုယ့်ကို ကူညီ ကာကွယ်ပေးမယ့်သူငယ်ချင်းတွေရှိရင် ပိုဆော့လို့ကောင်းမယ့် ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။
Winner – Tom Clancy’s Rainbow Six Siege
Best Alternate History – ဘယ်လိုမှ ပြန်မရနိုင်တဲ့ အတိတ်ခေတ်ကာလကို လွမ်းဆွတ်ချင်တဲ့သူတွေ၊ သမိုင်းကို တစ်ပတ်ပြန်လည်ပြီး ဆော့ချင်တဲ့သူတွေ အတွက် အကောင်းဆုံး ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။
Winner : Assassin’s Creed: Odyssey
Most Fun with a Machine – ကားပဲ ဖြစ်ဖြစ်၊ ထရပ်ကားဖြစ်ဖြစ်၊ စက်ရုပ်ပဲဖြစ်ဖြစ် စက်ပစ္စည်းတွေနဲ့ ပျော်ရွင်စရာ အကောင်းဆုံး Game play ကို ပေးခဲ့တဲ့ ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။
Winner – Rocket League