ပထမဆုံး အနေနဲ့ ဖုန်း Browser မှာ https://store.steampowered.com/ ကို နှိပ်ပါ။
Login ထဲဝင်ပါ။
အောက်နည်းနည်းဆင်းပြီး Create အောက်ထဲက Join Steam ကို နှိပ်ပါ။
အဲ့ထဲရောက်ပြီဆိုရင် အောက်ကပုံလိုမျိုးပေါ်လာမှာဖြစ်ပါတယ်။
အဲနေရာမှာ ကိုယ့်ရဲ့ e-mail address ကို ၂ ခါဖြည့်ပါ။ I’am not a robot ကို click နှိပ်ပါ။ သူရွေးခိုင်တာ မှန်အောင်ရွေးပြီး Verify လုပ်ပါ။
အောက်ဆုံးထိဆင်းပြီး Agree လုပ် Continue လုပ်ပါ။
အဲဆင့်ပြီးသွားပြီဆိုရင် ကိုယ့်ရဲ့ e-mail ကို Verify လုပ်ပေးရမှာဖြစ်ပါတယ်။ အောက်ကပံလိုမျိုး ဖြစ်နေမှာဖြစ်ပါတယ်။
အဲ့အချိန်ရောက်ရင် Steam က verify လုပ်ဖို့ e-mail ပို့လိုက်မှာဖြစ်ပါတယ်။ (အချိန် အနှေးအမြန် ကွာတတ်ပါတယ်)။
Verify လုပ်ဖို့ e-mail application (ဒါမှမဟုတ် browser ကနေ tab အသစ်နဲ့ ဝင်ပြီး) အောက်ပါအတိုင်း Create my account ကို နှိပ်ပေးပါ။
Verify လုပ်ပြီးရင် အောက်ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်။
အဲတာပြီးသွားရင် အဲဒီ e-mail application ထဲကနေထွက်ပြီး ခုနက အကောင့်လုပ်နေတဲ့ browser ထဲ သွားပါ။ အောက်ကလိုမျိုး Steam နာမည် နဲ့ Password ပေးရတော့မှာပါ။ (နာမည်မှာ space ခြားလို့မရဘူး တစ်ဆက်ထဲ ပေးရမှာပါ။)
Password ကို မှတ်ထားပါ။
Password ကို သူများကို မပေးပါနဲ့။
စော်တွေ ဘဲတွေ ကိုလည်း Password မပေးပါနဲ့။ ကိုယ်ဖြစ်ကိုယ်ခံပါ။ (ေစာ်၊ ဘဲ ကြောက်ရင် Gamer မလုပ်ပါနဲ့)
Password ကို မွေးနေ့တွေ၊ ဖုန်းနဲပါတ်တွေ၊ စော်နာမည်တွေကို စောင်တောသား ဆန်ဆန် မပေးပါနဲ့။ မှတ်မိလွယ်တာတွေ မပေးပါနဲ့။
App ဒေါင်းပြီး Authenticator ထည့်ပါ။
ပြီးရင် Complete လုပ်ပြီး အဆုံးသတ်ပါ။
ဒါဆိုရင် Steam အကောင့်တစ်ခုရပါပြီ။
ဖုန်းထဲမှာလည်း Steam application ထည့်ထားချင်ရင်
မှာ သွား ဒေါင်းနိုင်ပါတယ်။
Steam Account ဒေါင်းပြီး Authenticator ထည့်နည်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။