Why Kwee hates PUBG

(ယခု စာသည် ကွီးနှင့် PUBG အကြောမတည့်ကြောင်း ရေးသားထားသော စာဖြစ်ပြီး PUBG ကို ကစားနေသူများ stream နေသူများနှင့် ပင်မဂိမ်းကို စော်ကားလိုသော ရည်ရွယ်ချက်မရှိပါ)။
 
ကွီးတို့က Multiplayer Game ကို ပထမဆုံးစဆော့ဖူးတာ Counter Strike…
 
အဲ့တုန်း PC Lan ဆိုင်ဆိုတာ မရှိသေး… MICT Park ထဲမှာ ကွန်ပျူတာပြပွဲလုပ်တုန်းက PC တွေကို LAN ချိတ်ပြီး အဲလိုဆော့လို့ရတယ်ဆိုပြီးပြထားတာ… အဲတာဆော့ဖို့တောင် တန်းစီရတယ်…
 
ပြောချင်တာက စဆော့တဲ့ Game က ကျည်ဆံတွေ၊ ဘာတွေ ညာတွေကို ကံအားကိုးနဲ့ရတာမျိုး… ကံကောင်းပြီးတော့ zone ထဲကနေ စောင့်နေတာမျိုးမဟုတ်ဘူး…
မင်းလည်း သေနတ် ငါလည်း သေနတ် ဒဲ့ပစ်ပြီး ဆော့ကြတာ… ၁ ယောက်ထဲကျန်နေပြီး ပွဲမပြီးရင်တောင် သိပ်ပြီး စောင့်ချင်ကြတာမဟုတ်ဘူး… သေသေ နိုင်နိုင် နောက်တပွဲချက်ခြင်း ပြန်စတာ… အပစ်ချည်းပဲ ၁ လိုင်း 🔥
 
PUBG ရောက်တော့ အဲလိုမဟုတ်တော့ဘူး…
 
ကံကောင်းရင် သေနတ်ရမယ်… သေနတ်မှာတောင် ကံနဲ့… လွယ်အိတ်ကအစ Helmet အထိ အကုန်ကံ၊ ရောက်တဲ့နေရာလည်းကံကောင်းရင် ထိုင်စောင့်နေရုံ ကံမကောင်းရင်တော့ စကထဲက ပြေးနေရတာ… ၁၀ မိနစ်လောက်ပြေး… အဲ့မှာ ကံကောင်းပြီး ဇုံထဲရောက်ပြီး scope တွေ သေနတ်တွေ အပြည့်နဲ့ ထိုင်စောင့်နေတဲ့သူက ဆွဲစားသွားတယ်… 🤣
 
အဲတော့ ၁ ပွဲက ၂ ပွဲ ၂ ပွဲကနေ ၃ ပွဲ တောင်ပြေးမြောက်ပြေးဟိုကောက် ဒီကောက် အချိန်တန် သူများ ဆွဲစား သေနတ်တောင် မပစ်လိုက်ရတွေဖြစ်ကုန်​တော့… Game ကame လို ဆော့ချင်တဲ့ ကိုယ်တွေနဲ့ ကီးမကိုက်တော့ဘူး…
 
ဂိမ်းကို မဆော့လို့ စကေးညံ့တာက ညံ့တာပဲ 😁… ဂိမ်းကို ဂိမ်းလို မဆော့ပဲ ပစ္စည်းရှာပြီး လိုက်ပြေးနေရတာကို ကြာလာတော့ စိတ်မရှည်နိင်တော့ဘူး…
 
နောက်ပြီးတော့ counter ကို အမြန်ပြန်စတာဆို ကိစ္စမရှိ… Starting time ဆိုပြီး စောင့်ရတာနဲ့ ဆင်းနေတာနဲ့ မပြီးတော့ဘူး… အောက်ရောက်ပြီး ပစ်ချင်လို့ ဆင်း ငမွဲအိမ်ထဲဝင်မိရင် ဘာမမရ လက်ဗလာနဲ့ အရှေ့က ကံကောင်းပြီး သေနတ်ရထားတဲ့သူက အသာလေး ပစ်သွား… နောက်တပွဲစဖို့ ကိုယ်တွေလူက အသေခံပေးမယ်ဆိုရင်တောင် စောင့်ပေတော့ ၇ မိနစ်လောက် အနည်းဆုံး….
 
P-Dota Gaming ကြီး ပြောလို့ PUBG ဆော့မိတာပါ… (အပေါင်းအသင်းမှားတယ်ဆိုတာ အဲတာပဲ 😁)
 
ညက ၃ ပွဲဆက်တိုက် သေနတ်တောင်မပစ်လိုက်ရပဲ ပစ္စည်းတွေလိုက်ကောက်… အချိန်တန် Zone လွတ်အောင်ပြေး… Weapon သာတဲ့သူက ကောက်စားသွားတွေဖြစ်လို့ လောင်ပြီး Uninstall လိုက်တယ်လေ… 😄
 
အဲဒီ့ မိနစ် ၂၀ လောက် ပစ္စည်းကောက် သေတော့ ၁၀ စက္ကန့်ဆိုတဲ့ Game-play ကြီးကို ကြာလာတော့ သီးမခံနိုင်တော့ဘူး…
 
ကိုယ်တွေက Counter တို့ Battlefield တို့ လိုမျိုး မနားတန်း ပစ်ခတ်နေတဲ့ ဂိမ်းတွေမှာ ပိုပျော်မွေ့တာဆိုတော့ Game ထက် ကံကိုပိုအသားပေးတဲ့ Battle Royale တွေထက် မကြောက်မရွံ့ဒဲ့ပစ်ရတဲ့ Game တွေကိုပဲ စိတ်ချမ်းသာစွာနဲ့ ဆောတော့မှာဖြစ်ပါကြောင်း… 🥳

Leave a Reply