D Day

D Day

Call of Duty, Call of Duty WWII, Medal of Honor: Allied Assault တို့ကို ဆော့ဖူးတယ်ဆိုရင်…
Saving Private Ryan ကို ကြည့်ဖူးတယ်ဆိုရင်…
 
ဒီပုံမှာပါတဲ့ ကမ်းတက်တိုက်ပွဲကို သိကြမှာပါ…
 
ဒီတိုက်ပွဲကို D-Day လို့ ခေါပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၄ ခုနှစ် ဂျွန်လ ၆ ရက်နေ့ (၆ ရက် ၆ လ) မှာ မဟာမိတ်တပ်ဖွဲ့တွေက ဂျာမန်တွေတပ်စွဲထားတဲ့ ပြင်သစ်ကမ်းခြေ(တွေ) ကို ဝင်ရောက်တိုက်ခိုက်တာဖြစ်ပါတယ်…။ ဒီတိုက်ပွဲက ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်ဖွဲ့တွေအတွက်အရမ်းကို အရေးကြီးတဲ့တိုက်ပွဲဖြစ်ပြီး မဟာမိတ်တပ်သားတွေက အကာမရှိလှတဲ့ သဲသောင်ယံတွေကနေ ကမ်းတက်ရတာဖြစ်လို့ အသေအပျောက်လည်း များပြားခဲ့ပါတယ်။ စာရင်းအတိအကျအရ  အဲ့နေ့က ဂျာမနီဖက်မှာ အသေအပျောက်က ၉၀၀၀ ကနေ ၄၀၀၀ ကြားရှိမယ်လို့ ခန့်မှန်းထားကြပြီး မဟာမိတ်တပ်ဖွဲ့ဖက်မှာတော့ (စာရင်းဇယားအရ) ၄၄၁၄ သေဆုံးခဲ့ပြီး သေဆုံး ပျောက်ဆုံးနေတဲ့သူတွေလည်း အများကြီး ရှိပါသေးတယ်…
D Day အမှတ်တရ ပွဲတွေကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကြလေ့ရှိပြီး ဒီ တိုက်ပွဲကြီးနဲ့ ပတ်သက်တဲ့ ဂိမ်းတွေ ရုပ်ရှင်တွေကိုလည်း အခုထိ ထုတ်လုပ်နေကြဆဲလည်းဖြစ်ပါတယ်…
D Day ၇၅ နှစ်ပြည့် အမှတ်တရ အစီအစဉ်
(Photo https://www.forces.net/d-day/d-day-75-it-happens-updates-and-round-todays-commemorations)

အဲ့ထဲက ဂိမ်းတချို့ကတော့…

  • Call of Duty 2 (X360)
  • Medal of Honor: Frontline (PS2) …
  • Brothers In Arms: Road To Hill 30 (Xbox) …
  • Battlefield 1942 (PC) …
  • Close Combat: Invasion Normandy (PC) …
  • Codename Panzers: Phase One (PC) …
  • Conker’s Bad Fur Day (N64) …
  • Blazing Angels – Squadrons of WWII (X360) …

ရုပ်ရှင်ထဲမှာတော့ လူတကာသိကြတဲ့ Saving Private Ryan အပါအဝင် ရုပ်ရှင်ကားတွေလည်း ရှိကြပါတယ်…

D Day တိုက်ပွဲမှာ ဖက်စစ်နာဇီတွေရဲ့ ကျူးကျော်မှုကို အသက်ပေး၊ အသက်နဲ့ရင်းပြီး တိုက်ခိုက်ခဲ့ကြတဲ့သူတွေအားလုံးကို လေးစားလျှက်…

Leave a Reply