ဒီ plugin က ကိုယ့်လေယာဉ်နောက်ပိုင်းမှာရေးထားတဲ့ Tail Number နဲ့ ATC က ခေါ်တဲ့ နာမည်ကို စိတ်တိုင်းကျ ပြောင်းပေးပါတယ်…
ပြောင်းတဲ့အခါမှာလည်း လေယာဉ်တစီးချင်းစီကို ပြောင်းရတာမဟုတ်ပဲ လေယာဉ်အကုန်လုံးကို ပြောင်းပေးလိုက်တာဖြစ်ပါတယ်…
ဒီ Plugin ကို တစ်ခါပဲ လုပ်ရမှာဖြစ်ပြီး ထည့်မယ့်အချိန်မှာတော့ ဂိမ်းကို ပိတ်ပေးထားဖို့ အရေးကြီးပါတယ်…


Install လုပ်နည်း
Plugin ကို ဒေါင်းပါ။ Zip ဖြည်ပါ။
အထဲက exe file ကို run ပါ
ပုံထဲကအတိုင်းတက်လာပြီဆိုရင်

၁. Browse ကို Community နဲ့ Official ရှိတဲ့ Folder ထဲကို ညွှန်းပေးပါ
၂. Airline Name က Tower က ကိုယ့်ကို ခေါ်မယ့် နာမည်ပါ
၃. Tail Number ဆိုတာ လေယာဉ်ကိုယ်ထည်မှာ ကိုယ့်နာမည် တပ်ပေးလိုက်တာပါ။ အဲတာက Aircraft registration နံပါတ်ပါ။ တကယ်တန်းဆိုရင်တော့ လေယာဉ်တစ်ခုနဲ့တစ်ခု လုံးဝမတူကြပါဘူး (ကားနံပါတ်ပြားတွေလိုပေါ့)။
၄. Flight Number မှာ နေရာမှာကိုယ်လိုချင်တဲ့ Flight Number ကို ထည့်ရမှာပါ (စာလုံးရေ ၇ လုံးထိရပါတယ်)။
၅. အားလုံး set ပြီးသွားရင် GO! ကို နှိပ်ပါ။ ဖိုင်တွေကို ပြင်ရေးပါလိမ့်မယ်။ ဂိမ်းကို ပိတ်ပေးထားဖို့ အရေးကြီးပါတယ်…

၆. အားလုံးပြီးသွားလို့ ပုံပါအတိုင်း “Please close this message now” လို့ပေါ်လာရင် ပြီးပါပြီ။ အဲ့ Window ကိုပိတ်။ Quit ကို နှိပ်ပြီး Game ကို ဖွင့်နိုင်ပါပြီ…

နဂိုမူလအတိုင်း ပြန်လိုချင်တယ်ဆိုရင်တော့ Restore ကို နှိပ်ပြီး မူလ Original အတိုင်း restore လုပ်နိုင်ပါတယ်…
Source : https://www.msfsaddons.org/