Call of Duty: Black Ops Cold War မှာ ပါလာတဲ့ NVIDIA ရဲ့ RTX ၊ DLSS နဲ့ Reflex

Call of Duty: Black Ops Cold War မှာ ပါလာတဲ့ NVIDIA ရဲ့ RTX ၊ DLSS နဲ့ Reflex

ဂန္ထဝင်မြောက် Black Ops စီးရီးအတွင်းမှာ ပါဝင်တဲ့ Call of Duty: Black Ops Cold War ဟာ ၁၉၈၀ ခုနှစ်အကျော်မှာ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုတို့အကြားဖြစ်ပွားခဲ့တဲ့ Cold War ကို နောက်ခံထားတဲ့ FPS ဂိမ်းတစ်ခုပါ။ ထူးခြားတာကတော့ ဒီ Black Ops Cold War မှာ NVIDIA DLSS, ray-tracing နဲ့ NVIDIA Reflex တို့လို NVIDIA RTX နည်းပညာများကို အသုံးပြုပြီး ဂိမ်းကစားရတဲ့အနှစ်သာရကို ကောင်းကောင်းကြီးခံစားနိုင်တာပဲဖြစ်ပါတယ်။

Official Trailer ပါ

 

Black Ops Cold War မှာ Ray tracing က ဂိမ်းတွင်းအမြင်အာရုံကို သဘာဝကျကျဆန်းသစ်နေအောင် ပံ့ပိုးပေးပါတယ်။ Ray tracing ဟာ ဂိမ်းထဲက အလင်းရောင်ထွက်တဲ့အရာများအပေါ်မူတည်ပြီး အလင်းအမှောင်ထိန်းညှိဖန်တီးတဲ့နည်းပညာဖြစ်လို့ ဂိမ်းကစားရင် အရင်ကကြုံတွေ့နေကျ မလိုအပ်တဲ့နေရာမှာ မှောင်မဲနေတာမျိုးတွေနဲ့ မြင်လိုက်တာနဲ့ သိသာတဲ့အရိပ်တုထည့်ထားတာမျိုးတွေ ပါလာတော့မှာ မဟုတ်ပါဘူး။

 

RTX Feature On/Off ကို စမ်းချင်တယ်ဆိုရင်တော့ ဒီလင့်ကို နှိပ်ပါ

Black Ops Cold War မှာ DLSS ကို အသုံးပြုရင် 4K resolution မှာ သာမန်ထက် ၈၅ ရာခိုင်နှုန်းပိုမြန်မှာပါ။ DLSS ဟာ RTX 2070 Super လို graphic card မှာတောင် ပုံမှန်ရရှိမယ့် 39 fps အစား 76 fps လောက်အထိမြန်သွားစေတာဖြစ်ပြီး RTX 3080 မှာ 120 fps ဝန်းကျင်နဲ့ RTX 3090 မှာဆိုရင် 120 fps ကျော်အထိရရှိစေမှာဖြစ်ပါတယ်။

 

DLSS ကို သုံးရင် Performance တွေ တက်လာမယ်…

NVIDIA Reflex ကတော့ ဂိမ်းရဲ့ input lag လို့ လူသိများတဲ့ system latency (ms) ကို လျော့ချပေးမှာပါ။ GeForce GTX 900 Series GPU က စ လို့ Black Ops Cold War ရဲ့ game mode အားလုံးမှာ Reflex ဟာ system latency ၂၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်လို့ ရှိထားပြီးသား resolution နဲ့ graphic များကို ကောင်းသထက်ကောင်းအောင် ထိန်းပေးနေမှာဖြစ်ပါတယ်။

 

NVIDIA Reflex ကြောင့် Latency တွေ ကျသွားတာကို စမ်းပြထားထားတာပါ

ဒါတွေအပြင် campaign အတွင်းမှာ NVIDIA Ansel နဲ့ resolution မြင့်မားတဲ့ screenshot များရိုက်နိုင်ဦးမှာဖြစ်ပြီး multiplayer အတွင်းမှာ NVIDIA Highlights နဲ့ ဂိမ်းကစားပုံများကို မှတ်တမ်းထင်ထားနိုင်ဦးမှာပါ။ ဒီလိုထူးခြားမှုတွေနဲ့ Black Ops Cold War ဟာ Windows 10 (64 bit) ပေါ်မှာ CPU မြင့်မြင့်၊ RAM များများ၊ HDD space အလွတ်များများ requirement အစုံအလင်လေးနဲ့ RTX ON ပြီး မြည်းစမ်းကစားကြည့်သင့်တဲ့ဂိမ်းတစ်ခုဖြစ်ပါကြောင်း…

Leave a Reply