“Steam Awards 2020 မှာ အနိုင်ရရှိသွားတဲ့ ဂိမ်းများ”

“Steam Awards 2020 မှာ အနိုင်ရရှိသွားတဲ့ ဂိမ်းများ”

Steam ပလက်ဖောင်းပေါ်က ပရိသတ်သည်းခြေကြိုက်ဂိမ်းတွေ ပါဝင်တဲ့ Steam Awards 2020 စာရင်းကတော့ မကြာသေးမီက ထွက်ပေါ်လာခဲ့ပါပြီ။ ဒီစာရင်းထဲမှာ ပါဝင်လာတဲ့ ဂိမ်းတွေကို Steam အသုံးပြုသူတွေက ဝိုင်းဝန်းရွေးချယ်ပေးထားကြတာဖြစ်ပြီး ကြိုတင်ထွက်ရှိဖူးတဲ့ သုံးသပ်ခန့်မှန်းချက်တွေနဲ့ အနည်းငယ်ကွဲလွဲနေတာကို တွေ့မှာပါ။

Steam Award 2020 မှာ action-adventure ဂိမ်းတစ်ခုဖြစ်တဲ့ Red Dead Redemption 2 က Game of The Year နဲ့ Outstanding Story-Rich Game ၂ ခုလုံးမှာ အနိုင်ရပြီး award အများဆုံးဆွတ်ခူးတဲ့ဂိမ်းအဖြစ် ဗိုလ်စွဲသွားခဲ့ပါတယ်။ Red Dead Redemption 2 ဟာ ၂၀၁၉ ဒီဇင်ဘာလမှာ ထွက်တာဖြစ်လို့ ၂၀၂၀ ထွက် ဂိမ်းတစ်ခု မဟုတ်ပေမယ့် ၂၀၁၉ နိုဝင်ဘာလမှာတည်းက award အတွက် စာရင်းကောက်ယူနေပြီဖြစ်လို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။

Game of The Year နောက်ဆုံးဆန်ခါတင်စာရင်းမှာ steamer တွေ အလွန်ကြိုက်နှစ်သက်ကြတဲ့ Fall Guys, အနိုင်ရမယ်လို့ သုံးသပ်ချက် အများဆုံးရရှိထားတဲ့ Hades, PC Gamer က အကောင်းဆုံးဂိမ်းအဖြစ် ရွေးချယ်ထားတဲ့ Death Stranding နဲ့ ထွေထွေထူးထူးပြောစရာမလိုလောက်အောင် လူသိများတဲ့ Doom Eternal တွေ ပါဝင်တာမို့ Red Dead Redemption 2 ရဲ့ အနိုင်ရမှုဟာ ထူးခြားပါတယ်။ ဒါ့အပြင် Red Dead Redemption 2 ဟာ Detroit: Become Human နဲ့ Horizon Zero Dawn တို့လို story-rich ဂိမ်းတွေကိုလည်း အနိုင်ရရှိခဲ့ပါတယ်။ ကျန် award တွေအဖြစ် Developer ပံ့ပိုးကူညီမှုကို အမြဲရခဲ့တဲ့ Counter-Strike: Global Offensive က Labor of Love, Death Stranding က Most Innovative Gameplay နဲ့ Doom Eternal က Best Soundtrack award တို့ကို ရသွားခဲ့ပါတယ်။ ပြိုင်ဘက်ရှားတဲ့ VR ဂိမ်းအမျိုးအစားထဲမှာတော့ ခန့်မှန်းထားခဲ့ကြတဲ့အတိုင်း Half-Life: Alyx က အနိုင်ရသွားခဲ့ပါတယ်။ Headset ရှိမှ ကစားလို့ရမယ့်ဂိမ်းဖြစ်ပေမယ့် Half-Life: Alyx ဟာ ပြီးခဲ့တဲ့နှစ်အတွင်း Steam ရဲ့ အရောင်းရဆုံးဂိမ်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Steam Awards 2020 မှာ အနိုင်ရသွားတဲ့ဂိမ်းတွေနဲ့ ဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ဂိမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ကြပါတယ်။

Game of the Year: Red Dead Redemption 2 ဆန်ခါတင်စာရင်း: Hades, DOOM Eternal, Fall Guys, Death Stranding

VR Game of the Year: Half-Life: Alyx ဆန်ခါတင်စာရင်း: Phasmophobia, The Room VR: A Dark Matter, Thief Simulator VR, Star Wars Squadrons

Labor of Love: Counter-Strike: Global Offensive ဆန်ခါတင်စာရင်း: Among Us, Terraria, The Witcher 3: Wild Hunt, No Man’s Sky

Better With Friends: Fall Guys ဆန်ခါတင်စာရင်း: Sea of Thieves, Borderlands 3, Deep Rock Galactic, Risk of Rain 2

Most Innovative Gameplay: Death Stranding ဆန်ခါတင်စာရင်း: Control, Superliminal, Noita, Teardown

Outstanding Story-Rich Game: Red Dead Redemption 2 ဆန်ခါတင်စာရင်း: Detroit: Become Human, Mafia Definitive Edition, Metro Exodus, Horizon Zero Dawn

Best Game You Suck At: Apex Legends ဆန်ခါတင်စာရင်း: Crusader Kings 3, Ghostrunner, FIFA 21, GTFO

Outstanding Visual Style Winner: Ori and the Will of the Wisps ဆန်ခါတင်စာရင်း: Battlefield 5, There is No Game, Marvel’s Avengers, Black Mesa

Best Soundtrack: DOOM Eternal ဆန်ခါတင်စာရင်း: Halo: The Master Chief Collection, Helltaker, Need for Speed Heat, Persona 4 Golden

Sit Back and Relax: The Sims 4 ဆန်ခါတင်စာရင်း: Microsoft Flight Simulator, Satisfactory, Untitled Goose Game, Factorio

Leave a Reply