Steelseries Arctis 5 နားကြပ်ကို သုံးနေတာ တစ်ပတ်ကျော်ပြီဆိုတော့ short review ရေးရမယ်ဆိုရင်ဖြင့်… (ဆရာကြီး မဟုတ်ပေမယ့်.. သိသလောက် ရေးထားတာပါ)

-ဒီဇိုင်းက Gaming နားကြပ်တွေလို ရှုပ်ရှုပ်ပုံစံမဟုတ်တဲ့အပြင် Mic ကလည်း အချောင်းလိုက်ထိုးထွက်နေတာမဟုတ်ပဲ လိုအပ်မှ ဆွဲထုတ်ရအောင် ဒီဇိုင်းထုတ်ထားတဲ့အတွက် အပြင်တွေဘာတွေမှာ ယူသွားရင် အဆင်ပြေတယ်..

-နားကြပ်အသား က အဝတ်နဲ့ ဖြစ်လို့ တော်ရုံတန်ရုံနဲ့ နားမပူဘူး.. ကျတော့်လို့ မျက်မှန်တပ်ထားတဲ့သူတောင် နားကြပ်နဲ့ မျက်မှန်ထိတဲ့နေရာမှာ Pressure မရှိသလောက်ပဲ.. ပေါ့ပေါ့ပါးပါးရယ်… ခါတိုင်း နားကြပ်တွေလို့ ၂ နာရီလောက် ကြလာရင် နားပူလာတာလို့ နား နားကို အထိမခံနိုင်တာတို့ ဘာမှမဖြစ်ဘူး.. သင်္ကြန် ပိတ်ရက်တစ်နေ့လုံးဆော့တာ အေးဆေးပဲ.. Comfort ဖြစ်တာကို အကြိုက်ဆုံးပဲ….

-ကြိုးက Detachable ဆိုတော့ ကြိုးတွေဘာတွေ ခေါက်မိတာတွေ ဘာတွေ ဖြစ်လို့ ကြိုးပျက်သွားရင် အသစ်လဲတပ်လို့ရတယ်.. ခက်တာက Micro USB နဲ့ မဟုတ်ပဲ UC-E6 နဲ့ဖြစ်နေတော့ ဒီမှာတော့ ရှာရခက်လောက်တယ်…

-အသံက Bass နည်းတယ်… Bass များမှ ကြိုက်တယ်.. ဝုန်းနေမှာ ကြိုက်တယ် ဆိုတဲ့လူတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး… နောက်ပြီး Music နားထောင်မယ်ဆိုတဲ့ expectation တစ်ခုထဲနဲ့တော့ သွားမဝယ်ပါနဲ့ .. ဒါ Gaming နားကြပ်ပါ… Beats တွေလို တဒုံးဒုံးနဲ့ ထုနေတာ မဟုတ်ပဲ.. ညင်ညင်သာသာနဲ့ Balance တော်တော်ကောင်းတယ်… Game ဆော့ရင် Detail အသံတော်တော်ကောင်းပါတယ်…

Dts Headphone X 7.1 ကို အသာထား.. Dota 2 မှာ 7.1 ကို ပိတ်ဆော့ရင်တောင် Last hit ရရင် Coil ပြုတ်ကျတဲ့ အသံကအစ တော်တော်သိရပါတယ်.. 7.1 နဲ့ Shooting Game မဆော့ရ သေးပေမယ့် Far cry Primal ဆော့ကြည့်တာ အသံအနီးအဝေးတွေ detail တွေ ကောင်းပါတယ်… သတိထားရမှာက 7.1 က Steel Series Engine နဲ့ သွားတာမို့လို့ ဖုန်းတွေ ဘာတွေနဲ့ ဆိုရင် Dts Headphone X 7.1 ရမှာ မဟုတ်ပါဘူး.. Steel Series Engine ထဲမှာ Equalizer ပါလို့ အသံချိန်လို့ရပေမယ့်.. Dts Headphone X 7.1 ကိုဖွင့်မယ်ဆိုရင် Dts Preset တွေဖြစ်တဲ့ Game , Movie, Music သုံးခုပဲရွေးလို့ရမှာပါ.. Game တစ်ခုချင်းစီ customized Preset တွေမရှိပါဘူး…

-Mic ကတော့ Noise Cancelling (သူတို့အခေါ် (ClearCast)) ပါတဲ့အတွက် ဘေးဖက်က အပြင်က မလိုတဲ့ အသံတွေ မဝင်ပါဘူး…

အကျဉ်းချုပ်ရရင်… ကောင်းတာက Comfort နဲ့ Sound Detail ကောင်းပါတယ်… မကောင်းတာက ဈေးကြီးပေးပြီး Bass လည်းမကောင်းဘူး ပြောလို့ရပေမယ့်… imm…. ဒါက Gaming Headset ပါ…