Awards

Awards, Gaming, PC, Steam

Steam Awards 2018 ရဲ့ အဖြေတွေ ထွက်ပေါ်လာခဲ့ပါပြီ

 

The Steam Awards 2018 ရဲ့ အဖြေတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ဒီ ဂိမ်းတွေကို Steam ကနေ ရွေးချယ်တာမဟုတ်ပဲ Steam ကို သုံးနေကြတဲ့ Gamer တွေကပဲ မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်…

ကဲ ဘယ်ဂိမ်းတွေ ဆုရခဲ့လဲဆိုတာ ကြည့်လိုက်ကြရအောင်…

 

Game of the Year – ဒီဇိုင်းတွေ၊ Multiplayer အပိုင်းတွေ၊ တခြားအချက်အလက်တွေ ပေါင်းပြီး တစ်နှစ်လုံးအတွက် အကောင်းဆံုံး ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ…

Winner – PLAYERUNKNOWN’S BATTLEGROUNDS (PUBG)


VR Game of the Year – Virtual Reality လို့ခေါ်တဲ့ VR ကမ္ဘာမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တဲ့ ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ…

Winner – The Elder Scrolls V: Skyrim VR


Labor of Love – ဂိမ်းက ထွက်တာလဲကြာပြီ… ဂိမ်းကို ထုတ်တဲ့ အဖွဲ့က သူတို့ရဲ့ ကလေး (Game) ကို အခုထိ ထိန်းသိမ်းနေတယ်… ပြုပြင်နေတယ်… အသစ်တွေ အခုထိ ထုတ်နေတုန်း… ဆိုတဲ့ ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။

Winner – Grand Theft Auto V (GTA 5)


Best Developer – ပရိသတ်တွေရဲ့ စကားကိုလည်း နားထောင်တယ်… မထင်မှတ်တာတွေလည်း လုပ်ပြနိုင်တယ် ပြီးတော့ ပြောသလို ဂိမ်းတွေကိုလည်း ထုတ်ပြနိုင်တယ် ဆိုတဲ့ Developer ကို ရွေးချယ်ခဲ့ကြတာပါ။

 

Winner – CD Projekt Red (Witcher ဂိမ်းတွေရဲ့ Developer)


Best Environment – ရင်သပ်ရှုမောဖွယ်ရာ ပတ်ဝန်းကျင် ကမ္ဘာကို (Game World) ကို အကောင်းဆုံး ဖန်တီးပေးခဲ့တဲ့ Game ကို ရွေးချယ်ခဲ့ကြတာပါ။

Winner – Witcher 3: Wild Hunt


Better with Friends – ဂိမ်းတွေအများကြီး ရှိတဲ့ခေတ်မှာ သူငယ်ချင်းတွေရှိမှ… ကိုယ့်ကို ကူညီ ကာကွယ်ပေးမယ့်သူငယ်ချင်းတွေရှိရင် ပိုဆော့လို့ကောင်းမယ့် ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။

Winner – Tom Clancy’s Rainbow Six Siege


Best Alternate History – ဘယ်လိုမှ ပြန်မရနိုင်တဲ့ အတိတ်ခေတ်ကာလကို လွမ်းဆွတ်ချင်တဲ့သူတွေ၊ သမိုင်းကို တစ်ပတ်ပြန်လည်ပြီး ဆော့ချင်တဲ့သူတွေ အတွက် အကောင်းဆုံး ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။

Winner : Assassin’s Creed: Odyssey


Most Fun with a Machine – ကားပဲ ဖြစ်ဖြစ်၊ ထရပ်ကားဖြစ်ဖြစ်၊ စက်ရုပ်ပဲဖြစ်ဖြစ် စက်ပစ္စည်းတွေနဲ့ ပျော်ရွင်စရာ အကောင်းဆုံး Game play ကို ပေးခဲ့တဲ့ ဂိမ်းကို ရွေးချယ်ခဲ့ကြတာပါ။

Winner – Rocket League


 

Awards, Gaming, PUBG

BEST MOBILE GAME အတွက် Vote လို့ရနေပါပြီနော်…

ဂိမ်မာတွေ အားလုံးသိကြတဲ့ ဂိမ်းလောကရဲ့ အကယ်ဒမီဆုပေးပွဲဖြစ်တဲ့ The Game Awards – 2018 ခုနှစ်က မကြာခင်စတော့မှာဖြစ်ပြီး The Game Awards ကနေပေးမယ့် Best Mobile Game 2018 (၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံး မိုဘိုင်းဂိမ်း) ကို Vote လို့ရပါပြီနော်…

စကာတင် ဖုန်းဂိမ်းတွေက

Donut County
Florence
Fortnite
PUBG MOBILE
Reigns: Game of Thrones

တို့ ဖြစ်ကြပါတယ်။ Vote ပေးချင်ရင်တော့ https://thegameawards.com/awards/#best-mobile-game မှာသွားပြီး vote လို့ရပါတယ်။

Mobile တင်မကပဲ ဂိမ်းကြီးတွေကိုလည်း Vote ချင်ရင် https://www.gamingkwee.com/2018/11/14/tga-2018/ မှာ ဝင်ကြည့်လို့လည်း ရပါတယ်နော်…

 


Awards, Gaming, PlayStation

2018 ရဲ့ ဂိမ်း အကယ်ဒမီပွဲကြီး လာပါပြီနော်…

ဂိမ်းလောကရဲ့ အကယ်ဒမီပွဲလို့ ခေါ်ဆိုလို့ရတဲ့ The Game Awards – 2018 ခုနှစ်က မကြာခင်စတော့မှာ့ဖြစ်ပြီး အခု Game of the Year အတွက် စကာတင် Game ခြောက်ခု ထွက်ပေါ်လာခဲ့ပါပြီ။ သူတို့တွေကတော့….

Assassin’s Creed Odyssey (Ubisoft Quebec / Ubisoft)
Celeste (Matt Makes Games)
God of War (Sony Santa Monica / SIE)
Marvel’s Spider-Man (Insomniac Games / SIE)
Monster Hunter: World (Capcom)
Red Dead Redemption 2 (Rockstar Games)

တို့ဖြစ်ကြပါတယ်။

အဲ့ Game တွေထဲကနေ မိမိတို့ စိတ်ကြိုက် Game တွေကို Vote ချင်တယ်ဆိုရင် https://thegameawards.com/awards မှာ သွားပြီး မဲ ပေးနိုင်ပါတယ်။

ဘယ် ဂိမ်းက  Game of the Year ရမလဲဆိုတာကို ဒီဇင်ဘာလ ၆ ရက် The Game Awards ပွဲနေ့မှာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြတာပေါ့…။

 

 


//graizoah.com/afu.php?zoneid=2161034