Free Game

Free Game, Gaming, PC, Steam

Sins of a Solar Empire: Rebellion Free at Humble Bundle

နောက်ထပ် Free Game တစ်ခုပါဗျား…

အဲတာကတော့ Sins of a Solar Empire: Rebellion ဖြစ်ပါတယ်။ Steam မှာ အခု 9.99 USD (75% လျှော့ပြီး) ရောင်းနေပေမယ့် Humble Bundle မှာ 0.00 (Free) နဲ့ အပြီးအပိုင် ပေးနေတာပါ။  ၂ ရက်ပဲ Free ပေးနေတာမို့လို့ ရတုန်းယူထားကြဦးနော်…

အောက်က Code ကိုတော့ ပထမဆုံးတွေ့တဲ့သူက Steam ထဲ ထည့်လိုက်ပါ။ (အာ့ကြောင့်ပြောတာ Page ကို See first လုပ်ထားကြပါလို့)

Steam ထဲက Game menu ထဲက Activate a Product on Steam… ကိုနှိပ်ပြီး အောက်က ကုဒ်ကို ထည့်လိုက်ပါ။ ယူပြီးသွားရင် ရကြောင်းကို ကောမန့်မှာ ရေးပေးသွားဦးနော်… နောက်လူတွေပါ ထပ်ပြီးယူနေမှာဆိုးလို့

ဒီကုဒ်ပါ ပထမဆုံး တယောက်ပဲ ရမှာပါ > 7GQFL-D5345-IHEVM

အခုကုဒ်ကို မရလိုက်လို့ ကွကိုယ်ယူချင်တယ်ဆိုရင်တော့ https://www.humblebundle.com/store/sins-of-a-solar-empire-rebellion မှာ ယူရမှာပါ။

နောက်ထပ် Free ပေးနေသေးတဲ့ Game တွေကို သိချင်ရင်တော့ https://www.gamingkwee.com/2018/10/26/free-games/ မှာ ဝင်မွှေလို့ ရပါတယ်နော်….

Free Game, Gaming, Guide

Blizzard အကောင့်ဖွင့်ပြီး Destiny 2 ရယူပုံ အဆင့်ဆင့်

အခု ဒီ guide မှာတော့ Blizzard အကောင့် ဖွင့်နည်းနဲ့ အခု Free ပေးနေတဲ့ Destiny 2 ကို ရယူပုံ အဆင့်ဆင့်ကို ဖော်ပြပါ့မယ်။

ပထမဆုံးအနေနဲ့ Blizzard Launcher ကို https://www.blizzard.com/en-us/apps/battle.net/desktop မှာ ဒေါင်းပြီးယူလိုက်ပါ။

 

Blizzard Launcher ကို ဒေါင်းပြီး Install လုပ်ပြီးတဲ့အခါမှ အကောင့်ရှိပြီးသားဆိုရင်တော့ Login ဝင်လိုက်ရုံပဲဖြစ်ပြီး အကောင့်မရှိသေးဘူးဆိုရင်တော့ Create a free Blizzard Account မှာ သွားနှိပ်ပြီး အကောင့်အသစ်လုပ်ရမှာပါ။

နိုင်ငံမှာ မြန်မာကို ရွေးပြီး ကျန်တာ ဖြည့်ပေးလိုက်ပါ။ ပြီးရင် Create a free account ကို နှိပ်ပါ။

အဲမှာ Blizzard အကောင့်မှာ ကိုယ်သုံးမယ့်နာမည်ကို ရိုက်ထည့်ပါ။

ပြီးသွားရင် Blizzard Launcher တက်လာမှာဖြစ်ပြီး အပေါ်ညာဖက်ထောင့်က လက်ဆောင် Package နေရာမှာ လှုပ်လှုပ်လေးဖြစ်နေတာတွေ့ရမှာပါ။

အဲနေရာထဲဝင်လိုက်တာနဲ့ Claim နေရာမှာနှိပ်ပြီး Gift ယူလို့ရနေပြီဖြစ်ပြီး မိမိရဲ့ဖုန်းကို သူတို့နဲ့ မချိတ်ရသေးဘူးဆိုရင် မရသေးပါဘူး။ ကဲအခု အဲဒီ့ SMS Protect အဆင့်ကို ဆက်လုပ်ကြရအောင်။ အဲတော့ enable SMS Protect ကို နှိပ်လိုက်ပါ။

 

Website ထဲ ရောက်သွားမှာဖြစ်ပြီး Add SMS Protect ထဲဝင် ကိုယ့်ရဲ့ ဖုန်းနံပတ်ရိုက်ထည့်… သူတို့ပြန်ပို့ပေးတဲ့ SMS ကို အဲ့မှာပြန်ထည့်ပြီး Verify လုပ်ရုံပါပဲ။

 

နောက်ဆုံးမှာတော့ Claim (အပိုင်ယူ) လို့ရပါပြီ။

Congratulations ပါ။ အခုဆိုရင် Blizzard အကောင့် ဖွင့်ဖြစ်သွားရုံသာမကပဲ Destiny 2 ကိုပါ Free ရသွားပါပြီ။

 

Free Game, Gaming, PC hardware, Promotions, Technology

MSI Product တွေဝယ်ရင်း Assassin’s Creed : Odyssey ကို လက်ဆောင်ယူကြမယ်

MSI ရဲ့  နောက်ဆုံးထုတ် Motherboard နဲ့ Monitor တွေကိုဝယ်ရင် Assassin’s Creed® Odyssey Standard Edition (PC Digital) Key ကို လက်ဆောင်ပေးမှာတဲ့ဗျား။ ဘယ်လိုရရယူရမလဲဆိုတာကို ဒီမှာနှိပ်ကြည့်နိုင်ပါတယ်ဗျို့။

အသေးစိတ် Detail လမ်းညွှန်ချက်ကို  https://www.slideshare.net/MSI_Motherboard/assassins-creed-odyssey-game-redemption-instruction မှာ လည်း ကြည့်နိုင်ပါတယ်

Promotion ရမယ့် Date ကတော့ အောက်တိုဘာလ ၈ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ထိပါ။

ဒီထဲက Product တွေအကုန်လုံး မြန်မာနိုင်ငံမှာ မရသေးပေမယ့် အောက်ပါ Monitor တွေကို ဝယ်ပြီးတော့ Redeem လုပ်နိုင်ပါတယ်ခင်ဗျ။

MSI OPTIX MPG27C 27″ Curved (RGB + Game Sense) Gaming Monitor Price – US$ 449
MSI OPTIX MAG241C 24″ Curved (RED LED) Gaming Monitor Price – US$ 269

 

Available country ထဲမှာ မြန်မာနိုင်ငံလည်း ပါတာမို့လို့  တရားဝင်ပေးထားပြီး ယူခွင့်ရှိကြောင်းနဲ့  လုပ်လို့အဆင်မပြေရင်တော့ MSI Service Center – No. 158, 36th street (Middle Block) , Kyauktada Township, Yangon. Ph. No. 01-240110 ,09-404882277 (Viber Hot Line) ကိုဆက်သွယ်မေးမြန်းပေးပါခင်ဗျာ။

ဝယ်ယူရရှိနိုင်တဲ့ ဆိုင်တွေကတော့…

Yangon :
Splendid (35th St.) , B2HD , Tech Ace , Alpha Trion , Technoland(36th St.) , Essential , Eastern , ICE , Unique , Smart , Innwa

Mandalay :
Technoland, My Com , MAT , Nomad Data Hub

Taunggyi :
Nay Myo Computer , TEQ Computer

Naypyitaw :
Smart , Linn IT Solution

Mawlamyaing : Double Y , ACME

Lashio : MST Computer

Beik : Sun Computer

တို့ ဖြစ်ပါတယ်။

Free Game, Gaming, PC, Steam

Free Games

FREE Games

 

 

26 November 2019 – ဒုတိယ ကမ္ဘာစစ်အခြေပြု နာမည်ကြီးဂိမ်းဖြစ်တဲ့ $20 တန် Company of Heroes 2 ကို Steam မှာ Free ပေးနေပါတယ်နော်…. ၂ ရက်ပဲ free ပေးနေတာမို့လို့ အခုပဲ ယူပြီး Game Library ထဲ ထည့်ထားရင် အမြဲတန်းအတွက် Free ရသွားမှာပါ… ဒီမှာနှိပ်ပြီး ဒေါင်းပါ

29 June 2019 Last Day of June ဆိုတဲ့ Game ကို Epic Store မှာ FREE ပေးနေပါတယ်… ဒီမှာ နှိပ်ပြီး ဒေါင်းပါ

22 March 2019 – Humble Store မှာ Tacoma ဆိုတဲ့ Game ကို FREE ပေးနေပြီနော်… ဒီမှာနှိပ်ပြီး ဒေါင်းပါ…

17 January 2019 – အခု FREE ပေးထားတဲ့ Game က Braveland ဖြစ်ပြီး 17 ရက်နေ့ (ဒီနေ့) အတွင်း ယူထားရင် Free ရမှာမို့လို့ အခုပဲ ယူထားလိုက်ကြပါနော်…

11 January 2019 – အခု လောလောဆယ် FREE ပေးနေတဲ့ Game က Blast Zone Tournament ဆိုတဲ့ Game ဖြစ်ပြီး Multi Player ဂိမ်းဖြစ်ပါတယ်… FREE for limited time ဖြစ်လို့ ရတုန်းယူထားလိုက်ကြပါနော်…

7 December 2018 – ပထမဆုံး အနေနဲ့  မဖြစ်မနေ ထည့်သင့်တာက လူတိုင်းသိပြီး Gamer တိုင်းဆော့ဖူးတဲ့ Counter-Strike ကို တစ်ကယ်ကြီး FREE ပေးလိုက်တာဖြစ်ပြီး Danger Zone ဆိုပြီး battle royale mode (PUBG လိုမျိုး) လည်း ထည့်ပေးလိုက်ပါပြီ။

နောက်ထပ် FREE ပေးထားတဲ့ Game က နာမည်ကြီး ဂိမ်းတစ်ခုဖြစ်တဲ့ Company of Heroes 2 ဖြစ်ပြီး သူ့ရဲ့ ၅ နှစ်ပြည့် အမှတ်တရ အနေနဲ့ FREE ပေးထားတာဖြစ်ပါတယ်။ နာမည်ကြီး လူကြိုက်များတဲ့ဟာဖြစ်လို့ မဖြစ်မနေ ယူလိုက်ကြပါနော်…။

နောက်ထက် ဂိမ်းတစ်ခုက ဒီနှစ် စက်တင်ဘာလက ထုတ်ထားတဲ့ Game အသစ်လေးဖြစ်တဲ့ I am not a Monster ဖြစ်ပြီး ရက်အကန့်အသတ်နဲ့ ပဲ FREE ပေးထားတာပါ။

16 November 2018 – ဒီတပတ် ပိတ်ရက်တွေမှာ အလကားစမ်းဆော့ ကြိုက်ရင်ဝယ် ဆိုပြီး Free စမ်းဆော့ခွင့် ပေးထားတဲ့ Game က ၃ ခုတောင် ရှိပါတယ်… အဲတာတွေကတော

  1. Tom Clancy’s Rainbow Six® Siege – အဲ့ နာမည်ကြီး Game ကို ၂ ရက် Free ဆော့ခွင့်ပေးထားပြီး ကြိုက်လို့ ဝယ်ချင်တယ်ဆိုရင် ၃၀% ကနေ ၆၅% အထိဈေးလျှော့ပေးထားပါတယ်။ Discount တွေကိုတော့ ဒီလ ၂၇ ရက်နေ့ထိ ပေးထားဦးမှာဖြစ်ပါတယ်။
  2. Surviving Mars – အင်္ဂါဂြိုလ်မှာ နယ်ချဲ့ပြီး မိမိရဲ့ ကိုလိုနီကို Survive နဲ့ တိုးတက်အောင် ပြုလုပ်ရတဲ့ Surviving Mars ကိုလည်း Free ၂ ရက် ဆော့ခွင့်ပေးထားပြီး ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက် ၃၀% ကနေ ၄၀% အထိဈေးလျှော့ပေးထားပါတယ်။ Discount တွေကိုတော့ ဒီလ ၂၁ ရက်နေ့ထိ ပေးထားဦးမှာဖြစ်ပါတယ်။
  3. NBA 2K19 – ဘက်စကတ်ဘော ဂိမ်းဖြစ်လို့ ဒီကလူတွေ ဆော့မဆော့ မသိပေမယ့် ကြုံတုန်း စမ်းကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက် သူလည်း ၂ ရက် Free ဆော့ခွင့်ပေးထားပါတယ်။ လောလောဆယ် Overwhelmingly Negative ဖြစ်နေတာမို့လို့ မဝယ်ပါနဲ့ဦးလို့ပဲ တိုက်တွန်းချင်ပါတယ်။ ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက် ၅၀% အထိဈေးလျှော့ပေးထားပါတယ်။ Discount တွေကိုတော့ ဒီလ ၂၁ ရက်နေ့ထိ ပေးထားဦးမှာဖြစ်ပါတယ်။

9 November 2018 – အခု နောက်ဆုံး FREE လုပ်ပေးလိုက်တဲ့ Game က အရင်က 12.99$ တန်ခဲ့တဲ့ ENYO Arcade ဖြစ်ပြီး အမြဲတန်းအတွက် FREE ပေးလိုက်တာဖြစ်ပါတယ်။

7 November 2018 – အခု Free ပေးထားတဲ့ Game က ARK: Survival Evolved ဖြစ်ပြီး ယာယီ ၅ ရက်တာ Free စမ်းဆော့လို့ရမှာဖြစ်ပါတယ်။ ကြိုက်လို့ ဝယ်ချင်ရင်တော့ 60% ဈေးလျှော့ပေးထားပြီး ကွီးတို့ရှိတဲ့ India Store မှာ 440 Rupee (၉၀၀၀ ကျပ် ကျော်ကျော်) လောက်ပဲရှိပါတယ်။ USA Store မှာတော့ 60% ဈေးလျှော့ပြီး ဒေါ်လာ ၂၀ (သုံးသောင်းကျော်) ရှိပါတယ်။

6 November 2018 – အခု နောက်ဆုံး Free ပေးထားတဲ့ Game က ၂၀၁၅ အောက်တိုဘာလက ထုတ်ထားတဲ့ DISTRAINT: Deluxe Edition ဖြစ်ပြီး Steam မှာ Very Positive rating ရထားပါတယ်။

3 November 2018 – အခု Free ပေးထားတဲ့ ဂိမ်းက Game ကြီးတစ်ခုဖြစ်တဲ့ Destiny 2 ဖြစ်ပြီး နိုဝင်ဘာလ ၁၈ ရက် အတွင်း Install လုပ်ထားသူတွေကို အပြီးအပိုင် FREE ပေးမှာဖြစ်ပါတယ်တဲ့ ခင်ဗျာ… ယူရမယ့်နေရာက  https://us.account.blizzard.com/gifts/ ဖြစ်ပါတယ်။ သတိထားရမှာက Steam မှာမဟုတ်ပဲ Blizzard ဆီမှာဖြစ်တဲ့အတွက် Blizzard Launcher ကို ထည့်ထားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

28 October 2018 – Steam မှာ လူကြိုက်များနေဆဲ့ဖြစ်တဲ့ Dead by Daylight ကို Free ဆော့ခွင့် ၅ ရက်ပေးထားပြီး ကြိုက်လို့ဝယ်ချင်တယ်ဆိုတဲ့သူတွေအတွက်လည်း ထက်ဝက်ဈေးနဲ့ လျှော့ပြီးရောင်းနေပါတယ်။

27 October 2018 – အခု လောလောဆယ် Free ပေးထားတဲ့ Game က Murderous Pursuits ဖြစ်ပြီး အောက်တိုဘာ ၂၉ အတွင်းယူမှ ရမှပါ။

26 October 2018  -အခု  Steam မှာ Free ပေးနေတဲ့ Game ကတော့ Metro 2033 ဖြစ်ပြီး ၂၄ နာရီအတွင်းယူထားရမှာပါနော်…

//graizoah.com/afu.php?zoneid=2161034