PC hardware

nVidia, PC hardware, Technology

G-SYNC COMPATIBLE ဖြစ်တဲ့ Monitor စာရင်းကို MSI က ထုတ်ပြန်

ကြေညာဆောင်းပါးမဟုတ်။ ကျတော်လည်း MSI Monitor ဝယ်ဖို့ လုပ်နေလို့ပါ…

သတင်းကောင်းပါ… တစ်ကယ့်ကို သတင်းကောင်းပါ…

G Sync မော်နီတာတွေလည်း ဈေးကြီးတယ်… ဟိုတလောက Nvidia က ထုတ်ပြန်ထဲ့ List ထဲကဟာတွေလည်း ဒီမှာ ရှာမရဘူးဆိုတဲ့သူတွေလည်း ရှိမယ်… (ကိုယ်တွေ အပါအဝင်ပေါ့)… ဒီကြားထဲ ကိုယ်တွေ က MSI Optix MAC 241C ဝယ်ဖို့ချောင်းနေတယ်… ဝယ်လည်းဝယ်ချင်တယ်… ပြီးရင် G-SYNC COMPATIBLE မဖြစ်မှာလည်း ကြောက်တယ် ဆိုတဲ့သူတွေ အတွက်… မိုးပေါ်က ကျလာတဲ့ သတင်းကောင်းပါ…

အဲ့က လွန်ခဲ့တဲ့ တစ်ပါတ်ကပဲ G-SYNC COMPATIBLE ဖြစ်တဲ့ MSI မော်နီတာတွေကို စမ်းသပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်…

သူတို့ စမ်းခဲ့တဲ့ Graphic Card တွေကတော့

MSI RTX 2070 Ventus 8G
MSI RTX 2080 Ventus 8G
MSI GTX 1080 Gaming 8G တို့ ဖြစ်ပြီး

G-Sync Compatible ဖြစ်ဖို့ လိုအပ်တဲ့ System Requirement ကတော့

• Graphics Card: NVIDIA 10 series (pascal) or newer
• VGA driver version should be later than 417.71
• Display Port 1.2 (or above) cable
• Windows 10 ပါ

 

MSI က စမ်းသပ်ပြီး ထုတ်ပြန်လိုက်တဲ့ မော်နီတာတွေကတော့…

 

 

ဖြစ်ပါတယ်…

အခုလောလောဆယ်မှာတော့ Single Display ကိုပဲ Support ပေးထားပါသေးတယ်…။

မှတ်သားရန် ။ 50 fps အောက် ရောက်ရင် Flickering ဖြစ်တတ်တယ်လို့ တော်တော်များများ ရေးထားပြီး အဲတာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ့ကိုလည်း MSI က ပြန်လည်းဖြေရှင်းပေးထားပါတယ်…။ ဖြေရှင်းနည်းက…

 

 

 

Source: Guru3D, reddit

Mouse, PC hardware

၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး Gaming Mouse ၁၀ ခု

၂၀၁၈ ခုနှစ်ကုန်ဖို့ ၁လ ကျော်ကျော်လိုနေပေမယ့်လည်း လက်ရှိ ၂၀၁၈ အတွင်း သူတို့စမ်းသပ်ဖူးသမျှ Mouse တွေထဲက အကောင်းဆုံး Mouse ၁၀ ခုကို techradar က ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ Mouse တွေကတော့…

၁။ SteelSeries Rival 600

အားသာချက် – အလေးချိန် ချိန်ညှိလို့ရ ။ Depth sensor (အနိမ့်အမြင့် sensor) ပါဝင်
အားနည်းချက် – ဈေးကြီး

 

၂။ SteelSeries Sensei 310

အားသာချက် – ဈေးနှုန်း သင့်တော် ၊ ကိုင်ရတာ သက်သောင့်သက်သာရှိ
အားနည်းချက် – Braided Cable မဟုတ် (ပလပ်စတစ်ကြိုး)၊ Sensor calibration ထောက်ပံ့မှု အားနည်း

 

၃။ Corsair Dark Core RGB SE

အားသာချက် – Qi wireless ချာဂျင် ၊ ဈေးနှုန်း သင့်တော်
အားနည်းချက် – ချာဂျင်သွင်းနေရင်း သုံးလို့မရ

 

၄။ Logitech G903

အားသာချက် – Quality အလွန်ကောင်း၊ မှန်ကန်တိကျတော ဝိုင်ယာလက် (ကြိုးမဲ့စနစ်)
အားနည်းချက် – ဈေးနည်းနည်းကြီးချင်

 

၅။ Roccat Kone Aimo

အားသာချက် – ခလုတ်များ နေရာချထားမှု အဆင်ပြေ၊ ချိန်ညှိနိုင်မှု
အားနည်းချက် – Marco များ အသေ ထည့်သွင်းထားမှု

 

၆။ Cooler Master MasterMouse MM520

အားသာချက် – ခလုတ်များကောင်းမွန်၊ ဈေးနှုန်း
အားနည်းချက် – တည်ဆောက်ပုံ ကွာလတီ

 

၇။ Razer Naga Trinity

အားသာချက် – motion tracking ကောင်း၊ ဘေးဘောင်တွေ လဲလို့ရ
အားနည်းချက် – ဈေးကြီး

 

၈။ HyperX Pulsefire Surge

အားသာချက် – RGB အလွန်လှပ၊ Omron switch တွေ သုံးထား
အားနည်းချက် – အလေးချိန် ချိန်ညှိလို့မရ

 

၉။ Corsair Glaive RGB

အားသာချက် – လှုပ်ရှားမှု နှင့် Tracking ချောမွေ့၊ ရွှေ့ရတာ အလွန်ကောင်း
အားနည်းချက် – တစ်ခုလုံးကို ပလတ်စတစ်ဖြင့် တည်ဆောက်ထား၊ နည်းနည်း ဈေးကြီး

 

၁၀။ Creative Sound BlasterX Siege M04

အားသာချက် – အရမ်းကောင်းတဲ့ Sensor ၊ Lighting လှပ
အားနည်းချက် – ဒီ့ထက်ပေါ့သင့်၊ Balance သိပ်မကောင်း

အခု Mouse တွေထဲက SteelSeries Rival 600 နဲ့ SteelSeries Sensei 310 ကို မြန်မာနိုင်ငံမှာ ဝယ်လို့ရနေပြီဖြစ်ပြီး ဈေးတွေကို သိချင်ရင်တော့ https://www.gamingkwee.com/pricelists/steelseries/ မှာ ဝင်ကြည့်နိုင်ပါတယ်။

Source : Teachradar

Free Game, Gaming, PC hardware, Promotions, Technology

MSI Product တွေဝယ်ရင်း Assassin’s Creed : Odyssey ကို လက်ဆောင်ယူကြမယ်

MSI ရဲ့  နောက်ဆုံးထုတ် Motherboard နဲ့ Monitor တွေကိုဝယ်ရင် Assassin’s Creed® Odyssey Standard Edition (PC Digital) Key ကို လက်ဆောင်ပေးမှာတဲ့ဗျား။ ဘယ်လိုရရယူရမလဲဆိုတာကို ဒီမှာနှိပ်ကြည့်နိုင်ပါတယ်ဗျို့။

အသေးစိတ် Detail လမ်းညွှန်ချက်ကို  https://www.slideshare.net/MSI_Motherboard/assassins-creed-odyssey-game-redemption-instruction မှာ လည်း ကြည့်နိုင်ပါတယ်

Promotion ရမယ့် Date ကတော့ အောက်တိုဘာလ ၈ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ထိပါ။

ဒီထဲက Product တွေအကုန်လုံး မြန်မာနိုင်ငံမှာ မရသေးပေမယ့် အောက်ပါ Monitor တွေကို ဝယ်ပြီးတော့ Redeem လုပ်နိုင်ပါတယ်ခင်ဗျ။

MSI OPTIX MPG27C 27″ Curved (RGB + Game Sense) Gaming Monitor Price – US$ 449
MSI OPTIX MAG241C 24″ Curved (RED LED) Gaming Monitor Price – US$ 269

 

Available country ထဲမှာ မြန်မာနိုင်ငံလည်း ပါတာမို့လို့  တရားဝင်ပေးထားပြီး ယူခွင့်ရှိကြောင်းနဲ့  လုပ်လို့အဆင်မပြေရင်တော့ MSI Service Center – No. 158, 36th street (Middle Block) , Kyauktada Township, Yangon. Ph. No. 01-240110 ,09-404882277 (Viber Hot Line) ကိုဆက်သွယ်မေးမြန်းပေးပါခင်ဗျာ။

ဝယ်ယူရရှိနိုင်တဲ့ ဆိုင်တွေကတော့…

Yangon :
Splendid (35th St.) , B2HD , Tech Ace , Alpha Trion , Technoland(36th St.) , Essential , Eastern , ICE , Unique , Smart , Innwa

Mandalay :
Technoland, My Com , MAT , Nomad Data Hub

Taunggyi :
Nay Myo Computer , TEQ Computer

Naypyitaw :
Smart , Linn IT Solution

Mawlamyaing : Double Y , ACME

Lashio : MST Computer

Beik : Sun Computer

တို့ ဖြစ်ပါတယ်။

PC hardware

Arctis 5 Review

Steelseries Arctis 5 နားကြပ်ကို သုံးနေတာ တစ်ပတ်ကျော်ပြီဆိုတော့ short review ရေးရမယ်ဆိုရင်ဖြင့်… (ဆရာကြီး မဟုတ်ပေမယ့်.. သိသလောက် ရေးထားတာပါ)

-ဒီဇိုင်းက Gaming နားကြပ်တွေလို ရှုပ်ရှုပ်ပုံစံမဟုတ်တဲ့အပြင် Mic ကလည်း အချောင်းလိုက်ထိုးထွက်နေတာမဟုတ်ပဲ လိုအပ်မှ ဆွဲထုတ်ရအောင် ဒီဇိုင်းထုတ်ထားတဲ့အတွက် အပြင်တွေဘာတွေမှာ ယူသွားရင် အဆင်ပြေတယ်..

-နားကြပ်အသား က အဝတ်နဲ့ ဖြစ်လို့ တော်ရုံတန်ရုံနဲ့ နားမပူဘူး.. ကျတော့်လို့ မျက်မှန်တပ်ထားတဲ့သူတောင် နားကြပ်နဲ့ မျက်မှန်ထိတဲ့နေရာမှာ Pressure မရှိသလောက်ပဲ.. ပေါ့ပေါ့ပါးပါးရယ်… ခါတိုင်း နားကြပ်တွေလို့ ၂ နာရီလောက် ကြလာရင် နားပူလာတာလို့ နား နားကို အထိမခံနိုင်တာတို့ ဘာမှမဖြစ်ဘူး.. သင်္ကြန် ပိတ်ရက်တစ်နေ့လုံးဆော့တာ အေးဆေးပဲ.. Comfort ဖြစ်တာကို အကြိူက်ဆုံးပဲ….

-ကြိုးက Detachable ဆိုတော့ ကြိုးတွေဘာတွေ ခေါက်မိတာတွေ ဘာတွေ ဖြစ်လို့ ကြိုးပျက်သွားရင် အသစ်လဲတပ်လို့ရတယ်.. ခက်တာက Micro USB နဲ့ မဟုတ်ပဲ UC-E6 နဲ့ဖြစ်နေတော့ ဒီမှာတော့ ရှာရခက်လောက်တယ်…

-အသံက Bass နည်းတယ်… Bass များမှ ကြိုက်တယ်.. ဝုန်းနေမှာ ကြိုက်တယ် ဆိုတဲ့လူတွေနဲ့တော့ အဆင်ပြေမှာမဟုတ်ပါဘူး… နောက်ပြီး Music နားထောင်မယ်ဆိုတဲ့ expectation တစ်ခုထဲနဲ့တော့ သွားမဝယ်ပါနဲ့ .. ဒါ Gaming နားကြပ်ပါ… Beats တွေလို တဒုံးဒုံးနဲ့ ထုနေတာ မဟုတ်ပဲ.. ညင်ညင်သာသာနဲ့ Balance တော်တော်ကောင်းတယ်… Game ဆော့ရင် Detail အသံတော်တော်ကောင်းပါတယ်…

Dts Headphone X 7.1 ကို အသာထား.. Dota 2 မှာ 7.1 ကို ပိတ်ဆော့ရင်တောင် Last hit ရရင် Coil ပြုတ်ကျတဲ့ အသံကအစ တော်တော်သိရပါတယ်.. 7.1 နဲ့ Shooting Game မဆော့ရ သေးပေမယ့် Far cry Primal ဆော့ကြည့်တာ အသံအနီးအဝေးတွေ detail တွေ ကောင်းပါတယ်… သတိထားရမှာက 7.1 က Steel Series Engine နဲ့ သွားတာမို့လို့ ဖုန်းတွေ ဘာတွေနဲ့ ဆိုရင် Dts Headphone X 7.1 ရမှာ မဟုတ်ပါဘူး.. Steel Series Engine ထဲမှာ Equalizer ပါလို့ အသံချိန်လို့ရပေမယ့်.. Dts Headphone X 7.1 ကိုဖွင့်မယ်ဆိုရင် Dts Preset တွေဖြစ်တဲ့ Game , Movie, Music သုံးခုပဲရွေးလို့ရမှာပါ.. Game တစ်ခုချင်းစီ customized Preset တွေမရှိပါဘူး…

-Mic ကတော့ Noise Cancelling (သူတို့အခေါ် (ClearCast)) ပါတဲ့အတွက် ဘေးဖက်က အပြင်က မလိုတဲ့ အသံတွေ မဝင်ပါဘူး…

အကျဉ်းချုပ်ရရင်… ကောင်းတာက Comfort နဲ့ Sound Detail ကောင်းပါတယ်… မကောင်းတာက စျေးကြီးပေးပြီး Bass လည်းမကောင်းဘူး ပြောလို့ရပေမယ့်… imm…. ဒါက Gaming Headset ပါ…

//graizoah.com/afu.php?zoneid=2161034