Tag: Gaming Kwee

Promotions, World of Warcraft

World of Warcraft ကို အခုမှစပြီးဆော့မယ့်သူတွေ အတွက်

World of Warcraft ကို အခုမှစပြီးဆော့မယ့်သူတွေ အတွက် လက်ရှိ Battle for Azaroth ကော အသစ်ထွက်မယ့် Shadowlands ကော ပါမယ့် Complete Collection Heroic Edition ကို Blizzard က ရောင်းနေပါတယ်နော်… (Heroic Edition က အပေါဆုံးပါ)
 
အဲ့ထဲမှာ
– (ခုနကပြောသလို) နောက်ထွက်မယ့် Shadowlands အထိ ready ဆော့လို့ရမယ်
– Level boost ၂ ကောင်ပါမယ်
– Ensorcelled Everwyrm flying mount ပါမယ်

Ensorcelled Everwyrm flying mount ပါ

စျေးကတော့ Complete Collection Heroic Edition က $89.99 ပါ… 
မှတ်ထားဖို့တစ်ခုလိုတာက $89.99 ဆိုလို့ လက်ရှိ ဒေါ်လာစျေးနဲ့ဆိုရင် ၁သိန်း ၃ သောင်း ကျော်ပေမယ့် in-game Gold တွေကို Farm ပြီး ပြန်ရောင်းတဲ့သူတွေဆီကနေ 1 usd = 1000 နှုန်းနဲ့ ပြန်ဝယ်လို့ရတာကြောင့် ၉ သောင်းလောက်တော့ ကုန်မှာပါ.. အဲတာက Mount တွေ Exp ၂ခု (Boost ၂ ကောင်) အကုန်ပါလို့ ဒီလောက်စျေးဖြစ်နေတာပါ…
 
 
မှာ ဝင်ကြည့်လို့ရပါတယ်…။
PC, Steam

နောက်ထပ် Patch အသစ်ကို ထပ်ပြီး ထုတ်ပေးလိုက်တဲ့ No Man’s Sky

နောက်ထပ် Patch အသစ်ကို ထပ်ပြီး ထုတ်ပေးလိုက်တဲ့ No Man’s Sky

ဟုတ်ပါတယ်… ဟိုတလောကမှ ရေအောက် Patch ကို ထုတ်ပေးခဲ့ပြီး အခုလည်း မပြောမဆိုနဲ့ Visions နာမည်နဲ့ Patch အသစ်ကို ထုတ်ပေးခဲ့ပြန်ပါပြီ။

Patch ထဲမှာ ဘာတွေပါလဲဆိုတော့…

ပိုမိုဆန်းသစ်လှပတောက်ပြောင်လာတဲ့ မြေပုံ
ဂြိုလ်သားတွေဆီကနေ ရှားပါး Artifact နဲ့ ဆုတွေ ရယူနိုင်ပြီ
ပျက်ကျနေတဲ့ Freighters ကြီးတွေဆီကနေ Item တွေ ရှာယူနိုင်
ထူးခြား ထူးဆန်းတဲ့ သတ္တဂေဟ စနစ်
ဂြိုလ်သားတွေရဲ့ နည်းပညာတွေကို တူးယူပြီး ရောင်းချနိုင်…

အဲတာတောင် တဝက်ပဲ ရှိသေးတယ်ဗျို့… စာပဲဖတ်ပြီး မျက်စိနဲ့ ပုံဖော်နေမယ့်အစား အောက်က Video လေးကို ကြည့်လိုက်ရင် ကွက်ကွက်ကွင်းကွင်း မြင်သွားမှာပါ…

ဒီနေ့ ညနေထိလည်း No Man’s Sky ရဲ့ Patch ကို live လွှင့်မှာမို့လို့ မဖြစ်မနေလေးလဲ လာကြည့်ကြပါနော်…

Free Game, Gaming, PC, Steam

Sins of a Solar Empire: Rebellion Free at Humble Bundle

နောက်ထပ် Free Game တစ်ခုပါဗျား…

အဲတာကတော့ Sins of a Solar Empire: Rebellion ဖြစ်ပါတယ်။ Steam မှာ အခု 9.99 USD (75% လျှော့ပြီး) ရောင်းနေပေမယ့် Humble Bundle မှာ 0.00 (Free) နဲ့ အပြီးအပိုင် ပေးနေတာပါ။  ၂ ရက်ပဲ Free ပေးနေတာမို့လို့ ရတုန်းယူထားကြဦးနော်…

အောက်က Code ကိုတော့ ပထမဆုံးတွေ့တဲ့သူက Steam ထဲ ထည့်လိုက်ပါ။ (အာ့ကြောင့်ပြောတာ Page ကို See first လုပ်ထားကြပါလို့)

Steam ထဲက Game menu ထဲက Activate a Product on Steam… ကိုနှိပ်ပြီး အောက်က ကုဒ်ကို ထည့်လိုက်ပါ။ ယူပြီးသွားရင် ရကြောင်းကို ကောမန့်မှာ ရေးပေးသွားဦးနော်… နောက်လူတွေပါ ထပ်ပြီးယူနေမှာဆိုးလို့

ဒီကုဒ်ပါ ပထမဆုံး တယောက်ပဲ ရမှာပါ > 7GQFL-D5345-IHEVM

အခုကုဒ်ကို မရလိုက်လို့ ကွကိုယ်ယူချင်တယ်ဆိုရင်တော့ https://www.humblebundle.com/store/sins-of-a-solar-empire-rebellion မှာ ယူရမှာပါ။

နောက်ထပ် Free ပေးနေသေးတဲ့ Game တွေကို သိချင်ရင်တော့ https://www.gamingkwee.com/2018/10/26/free-games/ မှာ ဝင်မွှေလို့ ရပါတယ်နော်….

Awards, Gaming, PlayStation

2018 ရဲ့ ဂိမ်း အကယ်ဒမီပွဲကြီး လာပါပြီနော်…

ဂိမ်းလောကရဲ့ အကယ်ဒမီပွဲလို့ ခေါ်ဆိုလို့ရတဲ့ The Game Awards – 2018 ခုနှစ်က မကြာခင်စတော့မှာ့ဖြစ်ပြီး အခု Game of the Year အတွက် စကာတင် Game ခြောက်ခု ထွက်ပေါ်လာခဲ့ပါပြီ။ သူတို့တွေကတော့….

Assassin’s Creed Odyssey (Ubisoft Quebec / Ubisoft)
Celeste (Matt Makes Games)
God of War (Sony Santa Monica / SIE)
Marvel’s Spider-Man (Insomniac Games / SIE)
Monster Hunter: World (Capcom)
Red Dead Redemption 2 (Rockstar Games)

တို့ဖြစ်ကြပါတယ်။

အဲ့ Game တွေထဲကနေ မိမိတို့ စိတ်ကြိုက် Game တွေကို Vote ချင်တယ်ဆိုရင် https://thegameawards.com/awards မှာ သွားပြီး မဲ ပေးနိုင်ပါတယ်။

ဘယ် ဂိမ်းက  Game of the Year ရမလဲဆိုတာကို ဒီဇင်ဘာလ ၆ ရက် The Game Awards ပွဲနေ့မှာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ကြတာပေါ့…။

 

 


Free Game, Gaming, Guide

Blizzard အကောင့်ဖွင့်ပြီး Destiny 2 ရယူပုံ အဆင့်ဆင့်

အခု ဒီ guide မှာတော့ Blizzard အကောင့် ဖွင့်နည်းနဲ့ အခု Free ပေးနေတဲ့ Destiny 2 ကို ရယူပုံ အဆင့်ဆင့်ကို ဖော်ပြပါ့မယ်။

ပထမဆုံးအနေနဲ့ Blizzard Launcher ကို https://www.blizzard.com/en-us/apps/battle.net/desktop မှာ ဒေါင်းပြီးယူလိုက်ပါ။

 

Blizzard Launcher ကို ဒေါင်းပြီး Install လုပ်ပြီးတဲ့အခါမှ အကောင့်ရှိပြီးသားဆိုရင်တော့ Login ဝင်လိုက်ရုံပဲဖြစ်ပြီး အကောင့်မရှိသေးဘူးဆိုရင်တော့ Create a free Blizzard Account မှာ သွားနှိပ်ပြီး အကောင့်အသစ်လုပ်ရမှာပါ။

နိုင်ငံမှာ မြန်မာကို ရွေးပြီး ကျန်တာ ဖြည့်ပေးလိုက်ပါ။ ပြီးရင် Create a free account ကို နှိပ်ပါ။

အဲမှာ Blizzard အကောင့်မှာ ကိုယ်သုံးမယ့်နာမည်ကို ရိုက်ထည့်ပါ။

ပြီးသွားရင် Blizzard Launcher တက်လာမှာဖြစ်ပြီး အပေါ်ညာဖက်ထောင့်က လက်ဆောင် Package နေရာမှာ လှုပ်လှုပ်လေးဖြစ်နေတာတွေ့ရမှာပါ။

အဲနေရာထဲဝင်လိုက်တာနဲ့ Claim နေရာမှာနှိပ်ပြီး Gift ယူလို့ရနေပြီဖြစ်ပြီး မိမိရဲ့ဖုန်းကို သူတို့နဲ့ မချိတ်ရသေးဘူးဆိုရင် မရသေးပါဘူး။ ကဲအခု အဲဒီ့ SMS Protect အဆင့်ကို ဆက်လုပ်ကြရအောင်။ အဲတော့ enable SMS Protect ကို နှိပ်လိုက်ပါ။

 

Website ထဲ ရောက်သွားမှာဖြစ်ပြီး Add SMS Protect ထဲဝင် ကိုယ့်ရဲ့ ဖုန်းနံပတ်ရိုက်ထည့်… သူတို့ပြန်ပို့ပေးတဲ့ SMS ကို အဲ့မှာပြန်ထည့်ပြီး Verify လုပ်ရုံပါပဲ။

 

နောက်ဆုံးမှာတော့ Claim (အပိုင်ယူ) လို့ရပါပြီ။

Congratulations ပါ။ အခုဆိုရင် Blizzard အကောင့် ဖွင့်ဖြစ်သွားရုံသာမကပဲ Destiny 2 ကိုပါ Free ရသွားပါပြီ။

 

Free Game, Gaming, PC hardware, Promotions, Technology

MSI Product တွေဝယ်ရင်း Assassin’s Creed : Odyssey ကို လက်ဆောင်ယူကြမယ်

MSI ရဲ့  နောက်ဆုံးထုတ် Motherboard နဲ့ Monitor တွေကိုဝယ်ရင် Assassin’s Creed® Odyssey Standard Edition (PC Digital) Key ကို လက်ဆောင်ပေးမှာတဲ့ဗျား။ ဘယ်လိုရရယူရမလဲဆိုတာကို ဒီမှာနှိပ်ကြည့်နိုင်ပါတယ်ဗျို့။

အသေးစိတ် Detail လမ်းညွှန်ချက်ကို  https://www.slideshare.net/MSI_Motherboard/assassins-creed-odyssey-game-redemption-instruction မှာ လည်း ကြည့်နိုင်ပါတယ်

Promotion ရမယ့် Date ကတော့ အောက်တိုဘာလ ၈ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ထိပါ။

ဒီထဲက Product တွေအကုန်လုံး မြန်မာနိုင်ငံမှာ မရသေးပေမယ့် အောက်ပါ Monitor တွေကို ဝယ်ပြီးတော့ Redeem လုပ်နိုင်ပါတယ်ခင်ဗျ။

MSI OPTIX MPG27C 27″ Curved (RGB + Game Sense) Gaming Monitor Price – US$ 449
MSI OPTIX MAG241C 24″ Curved (RED LED) Gaming Monitor Price – US$ 269

 

Available country ထဲမှာ မြန်မာနိုင်ငံလည်း ပါတာမို့လို့  တရားဝင်ပေးထားပြီး ယူခွင့်ရှိကြောင်းနဲ့  လုပ်လို့အဆင်မပြေရင်တော့ MSI Service Center – No. 158, 36th street (Middle Block) , Kyauktada Township, Yangon. Ph. No. 01-240110 ,09-404882277 (Viber Hot Line) ကိုဆက်သွယ်မေးမြန်းပေးပါခင်ဗျာ။

ဝယ်ယူရရှိနိုင်တဲ့ ဆိုင်တွေကတော့…

Yangon :
Splendid (35th St.) , B2HD , Tech Ace , Alpha Trion , Technoland(36th St.) , Essential , Eastern , ICE , Unique , Smart , Innwa

Mandalay :
Technoland, My Com , MAT , Nomad Data Hub

Taunggyi :
Nay Myo Computer , TEQ Computer

Naypyitaw :
Smart , Linn IT Solution

Mawlamyaing : Double Y , ACME

Lashio : MST Computer

Beik : Sun Computer

တို့ ဖြစ်ပါတယ်။

Gaming

ရေအောက် ကမ္ဘာထဲထိ ချဲထွင်လိုက်တဲ့ No Man’s Sky ရဲ့ The Abyss

အခုဆိုရင် No Man’s Sky က ရေအောက် ကမ္ဘာထဲအတွက် ပိုမိုတိုးချဲ့ထားတဲ့ patch အသစ်ကို ထုတ်လိုက်ပြီး အဲ့ patch နာမည်က The Abyss ပါ။

သူ့ရဲ့ Trailer ထဲမှာ ပြောထားတဲ့ဟာတွေကတော့

Visual Upgrade ဆိုတဲ့အတွက် Graphic တွေ ပိုကောင်းလာမယ်…
ရေအောက် စခန်းတွေ ဆောက်လို့ရလာမယ်…
ရေအောက် သတ္တဝါတွေပိုစုံလာမယ်…
စိတ်ပါဝင်စားဖို့ကောင်းတဲ့ ရေအောက် သတ္တဝါတွေ ပါလာမယ်..
ရေအောက် Treasure တွေ ရှာလို့ရလာမယ် စသည်ဖြင့် အများကြီး ပါလာပါတယ်…

ဘာတွေ တိုးလာလဲဆိုတာ သေသေချာချာသိချင်ရင်တော့ အောက်က Trailer လေးကိူ ရှုစားလိုက်ကြပါ။

 

 

 

Gaming, Guide, PC, Steam

Steam India Store ကို ပြောင်းကြမယ်

ယခု Guide သည် Steam အကောင့်ကို Store ပြောင်းချင်လိုသူများအတွက် Guide ဖြစ်ပြီး မိမိ အပါအဝင် လူတော်တော်များများမှ အောင်မြင်စွာ ပြုလုပ်နေသော နည်းစနစ်ဖြစ်ပါသည်။ သို့သော် ပြုလုပ်သူမှ မှားယွင်းခြင်း၊ အလျှင်စလို နိုင်ငံပြောင်းခြင်းကြောင့် Steam မှ Account terminate လုပ်ခံရခြင်းအပါအဝင် မည်သည့်ကိစ္စရပ်ကိုမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်သည်ကို သိရှိစေလိုပါသည်။

Store ပြောင်းချင်တယ်ဆိုရင် အရင်က Game တွေဝယ်ဖူးတဲ့ အကောင့်တွေဆို ပြသနာမရှိပေမယ့် အကောင့်အသစ်ဆိုရင် wallet မှာ ၅ ဒေါ်လာ လား ၁၀ ဒေါ်လာ ဖိုးလား မသိဘူး ထည့်ထား (သုံးဖူးပြီးသား) ဖြစ်ရမှာပါ။

ပထမဦးဆုံးအနေနဲ့ လုပ်သင့်တာက မိမိရဲ့ အကောင့်ကို ၃-၄ နာရီလောက် Logout လုပ်ပါ။ Mobile Authenticator လုပ်ထားရင် အဲတာလည်း ဖြုတ်ပါ။ PC, Mobile အကုန် Logout လုပ်ရမှာပါ။

အခု VPN ကျော်ဖို့ လိုလာပြီဖြစ်တဲ့အတွက် Tunnel Bear https://www.tunnelbear.com မှာ အကောင့်လုပ်ပြီး ဒေါင်းပါ။

Tunnel Bear ကို Install လုပ်နေတာပါ

Install လုပ်ပြီးသွားရင် ပုံပါအတိုင်း India ကိုရွေးပြီး Yes လုပ်ပါ။

အဲ့မှာ India ကို ရှာနှိပ်ပြီး Yes နှိပ်ရမှာပါ

အဲလိုဆိုရင် India ကို သွားချိတ်ပါလိမ့်မယ်။

ခဏလောက်နေရင် မြေပုံကြီးတစ်ခုလုံး စိမ်းသွားပြီး India ကနေ ဝက်ဝံကလေး ထွက်လာပါလိမ့်မယ်။

အဲလိုဖြစ်သွားပြီဆိုရင် India ကို ရောက်သွားတာ သေချာပါတယ်။

India ကို တစ်ကယ်ရောက်မရောက်သိချင်ရင် https://whatsmyip.com/ ဝင်ကြည့်လိုက်ပါ။ ညာဖက် မှာ India မြို့နာမည်တွေ တွေ့ပါလိမ့်မယ်။ အဲလိုပေါ်တယ်ဆိုရင် မိတ်ဆွေ India ကို ရောက်ရှိသွားပါပြီ။

Namaste from India”

“Namaste, အိန္ဒိယပြည်မှ ကြိုဆိုပါတယ်”

အခု VPN အပိုင်းပြီးပြီဆိုတော့ Steam ကို Username တွေ Password တွေ ထည့်ပြီး ဝင်ပါမယ်။

Steam ထဲရောက်ပြီဆိုရင် Menu> Setting ကိုသွားပါ။

အဲ့ကနေ တဆင့် View Account Details ထဲသွားပါ။

Account Details ထဲရောက်သွားပြီဆိုရင် Update Store Country ထဲ ထပ်သွားပါ။

Update Store Country

အဲ့ထဲ ရောက်ပြီဆိုရင် Drop Down ကို နှိပ်လိုက်ရင် India ဆိုတာ ပေါ်လာပါလိမ့်မယ်။ India ကိုရွေးပါ။

India ကိုရွေးပါ။

အဲလိုရွေးလိုက်တာနဲ့ လိပ်စာဖြည့့်ရမယ့်အကွက်ပေါ်လာမှာဖြစ်ပြီး လျှောက်ဖြည့်တာထက်စာရင် https://www.fakeaddressgenerator.com/World_more/India_address_generator ထဲမှာ Bangalore  ကိုရိုက်ထည့်ပြီး အဲ့လိပ်စာတွေအတိုင်း ဖြည့်လိုက်ပါ။ အားလုံးပြီးသွားရင် Apply country change နှိပ်လိုက်ရင် ရပါပြီ။

 

နောက်ဆုံးအဆင့်အနေနဲ့ နိုင်ငံပြောင်းမှာ သေချာလား လာမေးပါလိမ့်မယ်။ သေချာပြီဆိုရင် Yes, change my country လုပ်ပါ။

Yes

 

Success! Your country has been changed to: India ဆိုပြီးပေါ်လာပြီဆိုရင်တော့ Congratulations ပါ။ မိတ်ဆွေအကောင့်ကို India Store ကို အောင်မြင်စွာ ပြောင်းနိုင်ခဲ့ပါပြီ။

Store ထဲဝင်ကြည့်ရင်တော့ India ငွေ (Rupee) နဲ့ ဖြစ်နေမှာဖြစ်ပြီး ငွေလဲနှုန်း ၂၁.၆ နဲ့ တွက်ကြည့်ရင် အကုန်လုံးလိုလို သက်သာနေတာနေတွေ့မှာပါ။

ပြီးရင် Logout လုပ်ပြီးမှ Tunnel Bear ကို ပိတ်ပါ။ အခု တစ်နိုင်ငံ တော်ကြာ တစ်နိုင်ငံ ဆိုပြီး Steam ကို Suspect မဖြစ်စေချင်ရင်တော့ ၃-၄ နာရီပြီးမှ VPN မခံတော့ပဲ Login ပြန်ဝင်ပါ။

Steam India Store မှာ ဈေးပေါပေါနဲ့ ဂိမ်းတွေ ဝယ်နိုင်ကြပါစေ။

– Gaming Kwee

 

Gaming, PC, Steam, Uncategorized

Steam ရဲ့ Holloween ဈေးရောင်းပွဲတော် မှာ ဝယ်သင့်တဲ့ ၁၀ ဒေါ်လာအောက် ဂိမ်းတွေ

Steam ရဲ့ Holloween ဈေးရောင်းပွဲတော် စနေပြီဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေထိ အထူးလျှော့ဈေးနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ အခု ဒီဈေးရောင်းပွဲတော်မှာ ဝယ်သင့်တဲ့ ၁၀ ဒေါ်လာအောက် ဂိမ်းတွေကို ဖော်ပြလိုက်ပါတယ်။ အဲဒါတွေကတော့…

Alan Wake

Sleeping Dogs

Just Cause 3

Metro 2033 Redux

Metro Redux Bundle

Left 4 Dead 2

တို့  ဖြစ်ပါတယ်။

နောက်ပြီးတော့ India Store တို့ ဘာတို့မှာရှိတဲ့သူတွေကို Recommended လုပ်ချင်တာက

Rust

ဖြစ်ပါတယ်။ USA Store မှာ ၅၀ ရာခိုင်နှုန်း ဈေးချပြီး ၁၇.၄၉ ဒေါ်လာ ၂၇,၈၀၀ (နှစ်သောင်း ခုနှစ်ထောင်) ကျော်ကျသင့်ပါတယ်။ ဒါပေမယ့် India store မှာ ၈,၁၉၀ (ရှစ်ထောင်တစ်ရာကျော်) ပဲ ရှိလို့ ၁၀ ဒေါ်လာအောက် ဂိမ်းစာရင်းထဲ ထည့်လိုက်တာဖြစ်ပြီး အဲ့ဂိမ်းကို ကွီးတို့တစ်သိုက် Streaming လုပ်ဖို့လည်းရှိလို့ပါ။

 

တွေ့တဲ့အတိုင်းပါပဲ… India Store မှာဆို ၈၀၀၀ ကျော်ပဲရှိတာပါ။ ၁ ရူပီးကို ၂၁.၆၁ (၂၁ကျပ်ခွဲ) နဲ့ မြှောက်ကြည့်လိုက်ပါ။

 

Gaming, PlayStation

PlayStation Classic မှာ ဆော့လို့ရမယ့် Game စာရင်းတွေ ထွက်လာပြီနော်…

Sony က ပြီးခဲ့တဲ့လက PlayStation Classic ကိုထုတ်မယ်လို့ သတင်းထုတ်ပြန်ခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။

မသိလိုက်တဲ့သူတွေကို ပြန်ပြောပြရမယ်ဆိုရင် PlayStation Classic ဆိုတာ 1994 က ထုတ်ခဲ့တဲ့ Sony ရဲ့ ပထမဆုံး Playstation စက်ကို နဂို အော်ရီဂျင်နယ် ဒီဇိုင်းကာလာ အနေအထား အတိုင်း ပုံစံသေးသေးလေးနဲ့ ပြန်ထုတ်ထားတာပါ။ အဲ့အထဲမှာ ဂိမ်းပေါင်း ၂၀ ပါမယ်လို့လည်း ပြောခဲ့ပါတယ်။

အခု သူ့ထဲမှာ ပါဝင်လာမယ့် ဂိမ်းတွေကို သိရပါပြီ… အဲ့ ဂိမ်းတွေကတော့…

Battle Arena Toshinden™
Cool Boarders 2
Destruction Derby
Final Fantasy VII
Grand Theft Auto
Intelligent Qube
Jumping Flash
Metal Gear Solid
Mr Driller
Oddworld: Abe’s Oddysee®
Rayman
Resident Evil™ Director’s Cut
Revelations: Persona
Ridge Racer Type 4
Super Puzzle Fighter II Turbo®
Syphon Filter
Tekken 3
Tom Clancy’s Rainbow 6
Twisted Metal
Wild Arms

ဖြစ်ပါတယ်။

စက်က ခေတ်ကာလနဲ့လျော်ညီအောင် HDMI နဲ့ လာမှာဖြစ်ပြီး save လုပ်လို့ရောင် Virtual Memory card လည်း ပါမယ်လို့ဆိုထားပါသေးတယ်။

PlayStation Classic ကို ဒီဇင်ဘာလ ၃ရက်နေ့မှာ ထွက်မှာဖြစ်ပြီး ဈေးက 100 $ ပါ တဲ့…။

Reveal trailer ကို မကြည့်ရသေးဘူးဆိုနဲ့သူတွေလည်း ဒီမှာကြည့်နိုင်ပါတယ်။

ကဲ ငယ်ငယ်က အမှတ်တရ ဂိမ်းတွေကို သူငယ်ချင်းကြီးတွေနဲ့ အတူတူဆော့ချင်တဲ့သူတွေ ဝယ်ဖို့ ပြင်ထားကြပေတော့နော်…

//graizoah.com/afu.php?zoneid=2161034