Tag: Guide

Guide, Steam

Steam Authenticator ထည့်နည်း

ကိုယ်တွေရဲ့ steam အကောင့်က တန်ဖိုးကြီးပါတယ်။ ဂိမ်းတွေ၊ ဆော့ထားတဲ့အချိန်တွေ၊ Progress တွေ အကုန်ကို သိမ်းထားပေးရတာပါ။
အကောင့်လုံခြံရေးအတွက် Password အခိုးခံရပေမယ့်လည်း Authenticator ခံထားရင် အဲ့စောင်သူခိုးက ဝင်လို့မရပါဘူး။ Authenticator နံပတ်ပါ ပေးလိုက်ပြီဆိုရင်တော့ လူမရှိတဲ့နေရာမှာ တိတ်တိတ်လေး သွားငိုပေတော့။ #GGWP

အဲတော့ စလုပ်ကြမယ်…။
ပထမအဆင့်အနေနဲ့ Steam app ကို ဒေါင်းကြမယ်။ Android နဲ့ iOS  အတွက် ဒေါင်းပြီး app ထဲဝင်ပါ။
Sign in မှာ Username နဲ့ Password ထည့်ပါ။

 

 

ဝင်ပြီးသွားရင် ဘေးက Menu (အချောင်း ၃ ချောင်း) > Steam Guard ကိုနှိပ်ပါ။
အောက်ကပုံအတိုင်း Add Authenticator ကို ထပ်နှိပ်ပါ။

 

ဖုန်းနံပတ်တောင်းပါလိမ့်မယ်…။ ဖုန်းနံပတ်ဖြည့်ပြီးသွားရင် အဲ့ဖုန်းကို SMS ပို့ပါလိမ့်မယ်။ SMS ထဲမှာပါတဲ့ Code တွေကို  အောက်က အကွက်ထဲ ဖြည့်ပါ။

 

ပြီးသွားရင် အောက်ကလို Recovery နံပတ်အတိုလေးတွေပေါ်လာပါ့မယ်။ သေသေချာချာမှတ်ထားပါ ဖုန်းပျောက်တာ ဘာညာဆိုရင် အဲ့ကုတ်နဲ့ ပြန်ပြီး restore လုပ်လို့ရပါတယ်။

 

အဲဒါတွေ ပြီးသွားပြီဆိုရင် Code Generator က အလုပ်လုပ်နေပြီဖြစ်ပါတယ်။ တစ်ယောက်ယောက်က Password ကို ခိုးသွားရင်တောင် အဲ့နံပတ်တွေကိုရိုက်ထည့်မှ ဝင်လို့ရပါတယ်။ နံပတ်တွေက အချိန်နဲ့အမျှပြောင်းနေလို့ အနားမှာ ဖုန်းရှိမှ အဲ့ထဲက နံပတ်အတိုင်းရိုက်ထည့်ပြီး ဝင်ရမှာဖြစ်ပါတယ်။

 

 

 

 

Guide, Steam

Steam အကောင့်ကို ဖုန်းကနေ လုပ်နည်း

ပထမဆုံး အနေနဲ့ ဖုန်း Browser မှာ https://store.steampowered.com/ ကို နှိပ်ပါ။

 

 

 

 

Login ထဲဝင်ပါ။

အောက်နည်းနည်းဆင်းပြီး Create အောက်ထဲက Join Steam ကို နှိပ်ပါ။

 

 

အဲ့ထဲရောက်ပြီဆိုရင် အောက်ကပုံလိုမျိုးပေါ်လာမှာဖြစ်ပါတယ်။

 

အဲနေရာမှာ ကိုယ့်ရဲ့ e-mail address ကို ၂ ခါဖြည့်ပါ။ I’am not a robot ကို click နှိပ်ပါ။ သူရွေးခိုင်တာ မှန်အောင်ရွေးပြီး Verify လုပ်ပါ။

အောက်ဆုံးထိဆင်းပြီး Agree လုပ် Continue လုပ်ပါ။

အဲဆင့်ပြီးသွားပြီဆိုရင် ကိုယ့်ရဲ့ e-mail ကို Verify လုပ်ပေးရမှာဖြစ်ပါတယ်။ အောက်ကပံလိုမျိုး ဖြစ်နေမှာဖြစ်ပါတယ်။

အဲ့အချိန်ရောက်ရင် Steam က verify လုပ်ဖို့ e-mail ပို့လိုက်မှာဖြစ်ပါတယ်။ (အချိန် အနှေးအမြန် ကွာတတ်ပါတယ်)။
Verify လုပ်ဖို့ e-mail  application (ဒါမှမဟုတ် browser ကနေ tab အသစ်နဲ့ ဝင်ပြီး)   အောက်ပါအတိုင်း Create my account ကို နှိပ်ပေးပါ။

Verify လုပ်ပြီးရင် အောက်ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်။

 

 

အဲတာပြီးသွားရင် အဲဒီ e-mail application ထဲကနေထွက်ပြီး ခုနက အကောင့်လုပ်နေတဲ့ browser ထဲ သွားပါ။ အောက်ကလိုမျိုး Steam နာမည် နဲ့ Password ပေးရတော့မှာပါ။  (နာမည်မှာ space ခြားလို့မရဘူး တစ်ဆက်ထဲ ပေးရမှာပါ။)

Password ကို မှတ်ထားပါ။

Password ကို သူများကို မပေးပါနဲ့။
စော်တွေ ဘဲတွေ ကိုလည်း  Password မပေးပါနဲ့။ ကိုယ်ဖြစ်ကိုယ်ခံပါ။ (ေ
စာ်၊ ဘဲ ကြောက်ရင် Gamer မလုပ်ပါနဲ့)
Password ကို မွေးနေ့တွေ၊ ဖုန်းနဲပါတ်တွေ၊ စော်နာမည်တွေကို စောင်တောသား ဆန်ဆန် မပေးပါနဲ့။ မှတ်မိလွယ်တာတွေ မပေးပါနဲ့။
App ဒေါင်းပြီး Authenticator ထည့်ပါ။

ပြီးရင် Complete လုပ်ပြီး အဆုံးသတ်ပါ။

 

 

 

ဒါဆိုရင် Steam အကောင့်တစ်ခုရပါပြီ။

ဖုန်းထဲမှာလည်း Steam application ထည့်ထားချင်ရင်

Android 

iOS 

မှာ သွား ဒေါင်းနိုင်ပါတယ်။

 

Steam Account ဒေါင်းပြီး Authenticator ထည့်နည်းကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ 

 

Gaming, Guide, PC, Steam

Steam India Store ကို ပြောင်းကြမယ်

ယခု Guide သည် Steam အကောင့်ကို Store ပြောင်းချင်လိုသူများအတွက် Guide ဖြစ်ပြီး မိမိ အပါအဝင် လူတော်တော်များများမှ အောင်မြင်စွာ ပြုလုပ်နေသော နည်းစနစ်ဖြစ်ပါသည်။ သို့သော် ပြုလုပ်သူမှ မှားယွင်းခြင်း၊ အလျှင်စလို နိုင်ငံပြောင်းခြင်းကြောင့် Steam မှ Account terminate လုပ်ခံရခြင်းအပါအဝင် မည်သည့်ကိစ္စရပ်ကိုမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်သည်ကို သိရှိစေလိုပါသည်။

Store ပြောင်းချင်တယ်ဆိုရင် အရင်က Game တွေဝယ်ဖူးတဲ့ အကောင့်တွေဆို ပြသနာမရှိပေမယ့် အကောင့်အသစ်ဆိုရင် wallet မှာ ၅ ဒေါ်လာ လား ၁၀ ဒေါ်လာ ဖိုးလား မသိဘူး ထည့်ထား (သုံးဖူးပြီးသား) ဖြစ်ရမှာပါ။

ပထမဦးဆုံးအနေနဲ့ လုပ်သင့်တာက မိမိရဲ့ အကောင့်ကို ၃-၄ နာရီလောက် Logout လုပ်ပါ။ Mobile Authenticator လုပ်ထားရင် အဲတာလည်း ဖြုတ်ပါ။ PC, Mobile အကုန် Logout လုပ်ရမှာပါ။

အခု VPN ကျော်ဖို့ လိုလာပြီဖြစ်တဲ့အတွက် Tunnel Bear https://www.tunnelbear.com မှာ အကောင့်လုပ်ပြီး ဒေါင်းပါ။

Tunnel Bear ကို Install လုပ်နေတာပါ

Install လုပ်ပြီးသွားရင် ပုံပါအတိုင်း India ကိုရွေးပြီး Yes လုပ်ပါ။

အဲ့မှာ India ကို ရှာနှိပ်ပြီး Yes နှိပ်ရမှာပါ

အဲလိုဆိုရင် India ကို သွားချိတ်ပါလိမ့်မယ်။

ခဏလောက်နေရင် မြေပုံကြီးတစ်ခုလုံး စိမ်းသွားပြီး India ကနေ ဝက်ဝံကလေး ထွက်လာပါလိမ့်မယ်။

အဲလိုဖြစ်သွားပြီဆိုရင် India ကို ရောက်သွားတာ သေချာပါတယ်။

India ကို တစ်ကယ်ရောက်မရောက်သိချင်ရင် https://whatsmyip.com/ ဝင်ကြည့်လိုက်ပါ။ ညာဖက် မှာ India မြို့နာမည်တွေ တွေ့ပါလိမ့်မယ်။ အဲလိုပေါ်တယ်ဆိုရင် မိတ်ဆွေ India ကို ရောက်ရှိသွားပါပြီ။

Namaste from India”

“Namaste, အိန္ဒိယပြည်မှ ကြိုဆိုပါတယ်”

အခု VPN အပိုင်းပြီးပြီဆိုတော့ Steam ကို Username တွေ Password တွေ ထည့်ပြီး ဝင်ပါမယ်။

Steam ထဲရောက်ပြီဆိုရင် Menu> Setting ကိုသွားပါ။

အဲ့ကနေ တဆင့် View Account Details ထဲသွားပါ။

Account Details ထဲရောက်သွားပြီဆိုရင် Update Store Country ထဲ ထပ်သွားပါ။

Update Store Country

အဲ့ထဲ ရောက်ပြီဆိုရင် Drop Down ကို နှိပ်လိုက်ရင် India ဆိုတာ ပေါ်လာပါလိမ့်မယ်။ India ကိုရွေးပါ။

India ကိုရွေးပါ။

အဲလိုရွေးလိုက်တာနဲ့ လိပ်စာဖြည့့်ရမယ့်အကွက်ပေါ်လာမှာဖြစ်ပြီး လျှောက်ဖြည့်တာထက်စာရင် https://www.fakeaddressgenerator.com/World_more/India_address_generator ထဲမှာ Bangalore  ကိုရိုက်ထည့်ပြီး အဲ့လိပ်စာတွေအတိုင်း ဖြည့်လိုက်ပါ။ အားလုံးပြီးသွားရင် Apply country change နှိပ်လိုက်ရင် ရပါပြီ။

 

နောက်ဆုံးအဆင့်အနေနဲ့ နိုင်ငံပြောင်းမှာ သေချာလား လာမေးပါလိမ့်မယ်။ သေချာပြီဆိုရင် Yes, change my country လုပ်ပါ။

Yes

 

Success! Your country has been changed to: India ဆိုပြီးပေါ်လာပြီဆိုရင်တော့ Congratulations ပါ။ မိတ်ဆွေအကောင့်ကို India Store ကို အောင်မြင်စွာ ပြောင်းနိုင်ခဲ့ပါပြီ။

Store ထဲဝင်ကြည့်ရင်တော့ India ငွေ (Rupee) နဲ့ ဖြစ်နေမှာဖြစ်ပြီး ငွေလဲနှုန်း ၂၁.၆ နဲ့ တွက်ကြည့်ရင် အကုန်လုံးလိုလို သက်သာနေတာနေတွေ့မှာပါ။

ပြီးရင် Logout လုပ်ပြီးမှ Tunnel Bear ကို ပိတ်ပါ။ အခု တစ်နိုင်ငံ တော်ကြာ တစ်နိုင်ငံ ဆိုပြီး Steam ကို Suspect မဖြစ်စေချင်ရင်တော့ ၃-၄ နာရီပြီးမှ VPN မခံတော့ပဲ Login ပြန်ဝင်ပါ။

Steam India Store မှာ ဈေးပေါပေါနဲ့ ဂိမ်းတွေ ဝယ်နိုင်ကြပါစေ။

– Gaming Kwee

 

//graizoah.com/afu.php?zoneid=2161034