Steam Autumn Sales မှာ ဘယ်သူတွေက ဘယ်ဂိမ်းကို ဝယ်ခိုင်းကြလဲ…

Steam Autumn Sales လည်းရောက်ပြီ…  ၃ ရက်နေ့ဆို ပြီးပြီ… ဒါပေမယ့်အခုထိ ဘာဝယ်ရမှန်းမသိသေးတဲ့ထဲမှာ ကွီးလဲပါသလို Gamer အပေါင်းတွေလည်း ပါမယ်ထင်ပါတယ်…။

ကိုယ်တစ်ယောက်ထဲ ခေါင်းခြောက်မခံနိုင်တော့ဘူး… သူများတွေကိုလဲ ဦးနှောက်စားမယ်ဆိုပြီး ရောင်းရင်း PC Game ဆော့ဖော်ဆော့ဖက်တွေ PC Games Streamer တွေကို မေးကြည့်လိုက်တော့ သူတို့က ဒါတွေဝယ်သင့်ပါတယ်တဲ့ဗျာ…  👇👇👇

A to Z စီပေးထားပါတယ်… မကြိုက်ရင် နောက်တစ်ခါ အသက်အကြီးဆုံးကို ရှေ့ဆုံးမှာ ထားပေးပါ့မယ် 😂

Cancer Potatoes က Super Cat ကတော့ ဖုန်းထဲမှာ အိပ်ချင်မူးတူးနဲ့ Gears 5 ပါတဲ့…  Game အသစ်ထဲမှာ အတန်ဆုံးပဲတဲ့။ (ညနေ ၆ ခွဲမှ အိပ်ရာထတာဆိုပဲ)

KC Gaming က ကိုခြိမ့် (ဒီရက်ပိုင်း ကားတွေကို ရှယ်မောင်းနေတဲ့ အယ်ကို) ကတော့ Euro Truck Simulator 2 ကိုပဲဝယ်ပါတဲ့ 20 တန်ကို 5 ထိ စျေးချပေးထားလို့ တော်တော်တန်ပါတယ်တဲ့။ စျေးချထားတုန်း Map DLC တွေကို ဝယ်ချင်လည်း ဝယ်ပါတဲ့… နောက်ပြီးတော့ သူနဲ့ Multi လာဆော့ဖို့လည်း ခေါ်နေပါတယ်။

MM_Shroud ခေါ် Nougat ကတော့ ၁ ခုမေးတာ အားရပါးရနဲ့ သူ့အကြိုက်ဆုံး ၃ ခုတောင် recommend ပေးခဲ့ပါတယ်… အဲတာတွေက Resident Evil 2 Remake, A Plague Tale : Innocence နဲ့ Devil May Cry 5 ပါတဲ့…။ Story နဲ့ Game-play အရမ်းမိုက်လို့ပါလို့ ပြောသွားပါတယ်။

Nyanthuthu Gametreats ကတော့ ၂ ခါတောင် မစဉ်းစားပဲ Monster Hunter World ပါဆိုပြီး ချက်ခြင်းကိုဖြေခဲ့ပါတယ်။

P ကြီးလို့ ခေါ်တဲ့ P-Dota တစ်ယောက်ကတော့ သူဆိုရင် Remnant: From the Ashes ကိုဝယ်မှာပါ… Gears 5 ကလည်း စျေးတန်တယ်လို့ ဆိုသွားပါတယ်။

Samster Crimes က အဘစံက သူ့စိတ်ကြိုက် shooting အသားပေး game တွေကို recommend ပေးခဲ့ပါတယ်… အဲတာတွေက Black Mesa , Insurgency: Sandstorm နဲ့ Hell Let Loose တွေပါတဲ့။

Simba Gaming က Tom Clancy’s Rainbow Six® Siege ဆိုပြီး အားကြီးနဲ့ ဖြေသွားတယ်… (ဖုန်းဆက်ပြီး မေးလိုက်တော့ အားကြီးနဲ့ပြောတဲ့ အသံပါကြားလိုက်ရတာ)

tzafelix ကို မေးကြည့်တော့ Final Fantasy Franchise ထဲက ဝယ်ပါတဲ့… (ဘယ်ဟာလဲတော့ သေသေချာချာ မပြောသွားဘူး… အကုန်ဝယ်ဝုန်းစေချင်တဲ့ပုံပဲ 😁 )

UAL Gaming က ဦးအောင်လေးက Tom Clancy’s Rainbow Six® Siege ပါတဲ့…။ ဖြစ်နိုင်ရင် Deluxe Edition ချပါ… ရိုးရိုးက အကောင်တွေ မပါပါဘူးတဲ့ဗျား…။

အချိန်ရသလောက် လက်လှမ်းမှီတဲ့သူတွေကို မေးထားထားပါနော်… ကျန်ခဲ့ရင် ခွင့်လွှတ်ပါ… သွေ့ပုချိ